ရန်ကုန်မြို့ကို ရောက်ရှိနေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေ နမ်ဘီယား (Mr.Vijay Nambiar) ဟာ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီး ဦးဆောင်သော အဖွဲ့နှင့် ယမန်နေ့ညက တွေ့ဆုံခဲ့ကြပါတယ်။
မစ္စတာ နမ်ဘီယားနှင့် အဖွဲ့ဝင် ၂ ဦးတို့က ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုကိုကြီး၊ ကိုဇော်မင်း၊ မနီလာသိန်း၊ မမီးမီး၊ မမာယာ၊ ကိုအာကာဗိုလ်တို့ကို စက်တင်ဘာ ၁၅ ရက်နေ့ည ၇ နာရီခန့်က ရန်ကုန်မြို့ ကန်တော်ကြီး ဥယျာဉ်ရှိ Bangkok Kitchen Restaurant ၌ ညစာဖြင့်တည်းခင်းဧည့်ခံခဲ့ပြီး ရင်းနှီးခင်မင် စွာတွေ့ဆုံခဲ့ခြင်းဖြစ်သည်။
ထိုသို့ တွေ့ဆုံကြရာတွင် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေ၊ ကုလသမဂ္ဂ၏ အခန်းကဏ္ဍစသည်တို့ကို လည်း ဆွေးနွေးဖြစ်ကြကြောင်း သိရသည်။ အသေးစိပ်ကို ထုတ်ပြန်ခြင်း မရှိသေးပေ။

No comments:
Post a Comment