Pages

Sunday, September 16, 2012

မင်းကိုနိုင် က ဘာကြောင့် US ခရီးစဉ်ဖျက်

ပါ့စ်ပို့ရပြီဟု အကြောင်းကြားခံထားရသည့် ကိုကိုကြီး၊ ကိုမင်းကိုနိုင်၊ ကိုမြအေး၊ ဓာတ်ပုံ- 88 Generation Students


၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်သည် အမေရိကန် ပြည်ထောင်စု၊ ၀ါရှင်တန်အခြေစိုက် National Endownment forDemocracy –NED က ယခုနှစ် အတွက် အခြား မြန်မာ ၄ ဦးနဲ့အတူ ဒီမိုကရေစီ ဆုကို ရရှိခဲ့ပါတယ်။

ဆုပေးပွဲကလည်း အခု လာမယ့် စက်တင်ဘာလ ၂၀ ရက်နေ့မှာ ကျင်းပကြမှာဖြစ်ပြီး ဆုရရှိခဲ့ကြတဲ့ ဦးခွန်ထွန်းဦး၊ ဦးကျော် သူ၊ မင်းကိုနိုင်၊ ဒေါက်တာ စင်သီယာမောင်၊ ဦးအောင်ဒင်တို့ကို ဆုအပ်နှင်းတဲ့ အခမ်းအနားနဲ့ NED မှာ ကျင်းပဖို့ ရှိပြီး ယ နေ့ မြန်မာနိုင်ငံက စတင်ထွက်ခွာမယ့် မြန်မာ့ ဒီမိုကရေစီ
ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း တက်ရောက် မိန့်ခွန်းပြောကြားမှာဖြစ်ပါတယ်။

ဒါပေမယ့် ဒီဆုကို လက်ခံရန် အစီအစဉ်ကို ပယ်ဖျက်လိုက်ကြောင်း လတ်တလော ကချင်ပြည်နယ် တွင် ရောက်နေသော ကိုမင်းကိုနိုင်က ပြောလိုက်ပါတယ်။

ကိုမင်းကိုနိုင် ဒီဆုကိုလက်ခံရန် အမေရိကန်ပြည်ထောင်စုကို သွားရောက်ဖို့အစီအစဉ် ဘာကြောင့် ဖျက်လိုက် လဲ ဆိုတာ ဧရာဝတီ မြန်မာပိုင်း အင်တာနက်စာမျက်နှာမှာ လင်းသန့် ရေးသားထားတဲ့ “မင်းကိုနိုင် အမေရိကန် ခရီးစဉ် ဘာကြောင့်ဖျက်” ဆိုတဲ့ သတင်းမှာ အပြည့်အစုံ ဖတ်ရှု့နိုင်ပါပြီ။

ဆက်စပ်သတင်းများ

မင်းကိုနိုင် အမေရိကန် မသွားတော့ဘူး


နိုင်ငံကူး လက်မှတ်ကို ၈၈ အဖွဲ့အတွင်းခွဲခြားထုတ်ပေး

No comments:

Post a Comment