Pages

Saturday, November 17, 2012

ကိုရီးယားဆန်တာကို သဘောကျတဲ့ သွန်းဆက်

~




မြန်မာပြည်မှာ တချို့သောသူများအတွက် ကိုရီးယားယဉ်ကျေးမှုက အမြစ်တွယ်နေပုံပါပဲ။
ကိုယ်နှစ်သက်သဘောကျတယ် ဆိုရင်
ကိုရီးယားဆန်တယ် လို့ ပြောတာ ကြားနေရပါပြီ။မော်ဒယ်သရုပ်ဆောင်သွန်းဆက်က အဲဒီလို ပြောပုံကို
အောက်တိုဘာ ၂၉ နေ့ထုတ် ၇ ရက် ဈေးဝယ်လမ်းညွှန်ဂျာနယ်မှာ တွေ့ရမှာပါ။

ပြိုင်ကားတွေအကြောင်း ပြောထားတာပါ။
''ပြိုင်ကားတွေကို အစီးချင်ဆုံးပါပဲ။ ပြိုင်ကားထဲကမှ အမိုးဖွင့်ပြိုင်ကားလေးတွေကို ပိုပြီး သဘောကျပါတယ်။ ဘာလို့လည်း ဆိုတော့ အမိုးဖွင့်ပြိုင်ကားလေးတွေက ကိုရီးယားဆန်တယ်လေ'

မြန်မာပြည်ရာသီဥတုနဲ့ ဒီကားတွေ အမိုးဖွင့်မောင်းရင် ကားထဲထိုင်သူတွေ နေလောင်ခံရပါလိမ့်မယ်။
မြန်မာနေကတော့ သိတဲ့အတိုင်းပဲ အသားအရေကို အရောင်ပြောင်းစေတဲ့ ဂုဏ်သတ္တိနဲ့ပါ။

အရေပြားက နေလောင်ခံရတဲ့အရောင်ဖြစ်သွားရင်တော့ ကိုရီးယားဆန်တော့မယ် မဟုတ်ပါဘူး။


မော်ဒယ်နာမည်နဲ့ တွေ့ရတဲ့ FB စာမျက်နှာ
ကိုရီးယား မဆန်ရင်လည်း ပြဿနာမဟုတ်ပါ။
နေလောင်ထားတဲ့အသားအရေဆိုရင် ဥရောပနိုင်ငံများ အမေရိကတိုင်းပြည်များမှာ တန်ဘိုးထားကြပါတယ်။
အဲဒီအရောင် ကြိုက်လွန်းလို့ သူတို့က အ၀တ်အစားချွတ်ပြီး နေလှန်းခံကြပါတယ်။


ဒေသ ကွာခြားတဲ့အတွက် တပ်မက်ပုံ ကွာခြားသွားတယ်လို့ ဆိုနိုင်မယ် ထင်ပါတယ်။
























-

2 comments:

  1. sa lein taytaytin ' san ' ma hote bu Lar?

    please spell right.
    change it.
    correct it.

    ReplyDelete
  2. မော်ဒယ်မင်းသမီးရဲ့ နံမည်ကလဲ သွန်းဆက် တဲ့။ သူ့ နံမည်ကို ပြောင်းပြန်ခေါ်ကြည့်လိုက်ရင် အမလေးးးး
    ကြောက်စရာကြီး။

    ReplyDelete