Pages

Friday, November 16, 2012

KNU ကိုယ်စားလှယ်တချို့ ရန်ကုန်ဆင်းမည်

~









ပြည်တော်မြင့် ~

KNU က ရန်ကုန်တွင်ပြုလုပ်မည့် ၂ ရက်ကြာ ဆွေးနွေးပွဲတခုသို့ ကိုယ်စားလှယ်တချို့ ယနေ့ စေလွှတ်လိုက်ပြီး အစိုးရနှင့် ပြုလုပ်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အနေအထားများကို   ရှင်းလင်းစေမည်ဟု သိရသည်။
 

ရန်ကုန်သွားမည့် ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ပဒိုဒေါ့လေမူ (ဓာတ်ပုံများ - ပြည်တော်မြင့်/ဧရာဝတီ)
ရန်ကုန်အခြေစိုက် ကရင်နှစ်ခြင်းအသင်းတော် (KAREN BAPTIST CONVENTION) အဖွဲ့က  ပြုလုပ်သည့် ဆွေးနွေးပွဲကို KNU ခေါင်းဆောင် ၃ ဦး ဖြစ်သော  ပဒိုဒေါ့လေမူ၊ ပဒိုကွယ်ထူးဝင်း၊ နော်ဘလူးမင်း နိုက်ဇန်တို့ တက်ရောက်ကြမည်ဖြစ်သည်။

 ဗဟိုကော်မတီ အစည်းအဝေး ပြုလုပ်နေသည့်  KNU က ၎င်းတို့ကို  စေလွှတ်လိုက်ခြင်းဖြစ်သည်။

 ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်ဖြစ်သည့် ပဒိုဒေါ့လေမူက
”ကျွန်တော်တို့ကို ဖိတ်တဲ့အဖွဲ့က လက်ရှိ KNU က လုပ်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး အခြေအနေတွေကို သူတို့ သိချင်တယ်၊ သူတို့ကို ရှင်းပြစေချင်တယ်။ အဲဒီအပေါ် သူတို့ဘက်ကလည်း တတ်နိုင်တာတွေ ကူညီဘို့ ဆန္ဒရှိကြတယ်။ ကျွန်တော်တို့ဘက် ကလည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ပတ်သက်တဲ့ ရပ်တည်ချက်တွေကို ရှင်းလင်း ပြောဆို ဆွေးနွေးသွားမှာဖြစ်တယ်” ဟု ဧရာဝတီသတင်းဌာနကို ပြောသည်။

၎င်းးဆွေးနွေးပွဲကို ကမကထပြုသည့်အဖွဲ့က ပြည်တွင်းပြည်ပရှိ ကရင် အမျိုးသားများအကြား ငြိမ်းချမ်းရေးနှင့် စည်းလုံးညီညွတ်မှုရရှိနိုင်ရေး၊ ပူးပေါင်း ဆောင်ရွက်မှုပြုနိုင်ရေး  ရည်ရွယ်ချက်ဖြင့် ကျင်းပပြုလုပ်ရခြင်း ဖြစ်သည်ဟု ပြောသည်။

မဲဆောက်မှ သိက္ခာတော်ရ ခရစ်ယာန် ဘုန်းတော်ကြီးတဦးက ”ရန်ကုန်မှာ ကရင် နှစ်ခြင်းအသင်းတော်က ဒီဆွေးနွေးပွဲမျိုး မနှစ်က လုပ်တာ၊ KNU ကို မဖိတ်ဘူး။ ဒီနှစ်မှ ထူးထူးခြားခြား ဖိတ်တယ် ဆိုတော့ ပြည်တွင်းက ဘာသာရေး အဖွဲ့အစည်းတွေ အပါအ၀င် ကရင်အမျိုးသားတွေကြား လက်ရှိ KNU အဖွဲ့ရဲ့ အနေအထားနဲ့ ပတ်သက်ပြီးတော့ သူတို့တတွေ အတော့်ကို စိုးရိမ်နေကြတယ်လို့ ဆရာတို့ ယူဆတယ်” ဟုဆိုသည်။

အဖွဲ့တွင်းညီညွတ်ရေး ကြိုးစားတည်ဆောက်နေသော KNU အတွက် ရန်ကုန်မြို့ဆွေးနွေးပွဲက မည်သည့်အကျိုးရလဒ်များ ရှိစေမည်ကို မသိရသေးပေ။

ဤအတောအတွင်း သတင်းကောင်းဟု ဆိုနိုင်မည့်ဖြစ်ရပ်မှာ ကရင်ဒေသတွင် တိုက်ပွဲသတင်းများ ဆက်လက် ငြိမ်သက်နေခြင်းပင်ဖြစ်သည်။

မြန်မာပြည်အထက်ပိုင်းတွင် တည်ရှိသည့် ကချင်ဒေသ၊ ရှမ်းဒေသတွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသည်။ 


လက်ရှိကျင်းပနေသည့် KNU ဗဟိုကော်မတီအစည်းအဝေး

 























-

No comments:

Post a Comment