Pages

Tuesday, November 13, 2012

သန့်ရှင်းသော အစိုးရ ဖြစ်ရေးထဲက မသန့်ရှင်းမှု


မြို့နယ်နှင့်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့အစည်းများ၏ အကူအညီ ရယူကာ(GSM 2.75 G) မိုဘိုင်းများအား အရစ်ကျ ငွေချေစနစ်ဖြင့် ရောင်းချလျှက်ရှိသည်။

ထိုသို့ ရောင်းချရာတွင် အမှန်တကယ် သုံးစွဲမည့် ကျေးလက်နေပြည်သူများ၏ လက်ဝယ်သို့ သက်သက် သာသာ နှုန်းထားဖြင့် ရောက်ရှိစေရန်အတွက် မလိုလားအပ်သောငွေကျေး ကောက်ခံမှုများ မပြုလုပ်ရန် သတ်မှတ်နှုန်းထားမှအပ အပိုငွေကျေး ကောက်ခံမှုမရှိစေရန် ညွှန်ကြားထားကြောင်း သိရှိရသည်။ 
  
ညွှန်ကြားချက်တွင် စစ်ဆေးတွေ့ရှိပါကလည်း ထိရောက်စွာ အရေးယူမည်ဟု ပါရှိကြောင်း လည်းသိရှိ ရသည်။



ညွှန်ကြားချက် အတိအကျမှာ ထိုသို့ဖြစ်သော်လည်း တကယ်လက်တွေ့တွင် အိတ်ချိန်း ၀န်ထမ်းများမှ   
ငွေကျေး ကောက်ခံမှုများရှိနေသည်ကို လူအများက ပြောဆိုနေကြသည်။ သမ္မတကြီးမှဆင်းရဲမှု ပပျောက် 
စေရေးဟု  ပြောကြား နေသော်လည်း အောက်ခြေ ၀န်ထမ်းများမှ လိုက်နာမှု မရှိဘဲ အကျင့်ပျက်ခြစား   
နေဆဲဖြစ်သည်။ 

ပဲခူးတိုင်းဒေသကြီးအတွင်း ရွှေတောင်မျြိ့နယ်တွင် မိုဘိုင်းဖုန်း လာရှောက်သူတိုင်းအား ဖောင်လျှောက်လွှာ ဟုဆိုကာ ၁၀၀၀ ကျပ်၊ ပန်းတောင်းမြို့နယ်တွင် ၁၀၀၀ ကျပ်၊ အုတ်ဖိုမြို့နယ်တွင် ၁၅၀၀ ကျပ်၊ ကြို့ပင်ကောက် မြို့နယ်တွင် ၁၀၀၀ ကျပ် စသည်ဖြင့် တစ်ဦးချင်းအပေါ်တွင် ငွေကျေးကောက်ခံမှုများ ရှိနေပါသည်။ 

ထို့အပြင် ပြည်ခရိုင်နှင့် သာယာဝတီ ခရိုင်များသို့ ဆကိသွယ်ရေး လုပ်ငန်းမှလစဉ် ထုတ်ပေးနေသော ဒီဇယ်(၁၅၀၀) ဂါလံကျော် နှင့် ဓာတ်ဆီ(၆၀) ဂါလံ အများပြည်သူနှင့် သက်ဆိုင်သော ဆက်သွယ်ရေး လုပ်ငန်း သုံးရန် ထုတ်ပေးသော်လည်း ကိုယ်ကျိုးအတွက် သုံးနေမှုများလည်း ဖြစ်ပွားလျှက်ရှိနေသည်။ 

ပန်းတောင်းမြို့တွင် ထုတ်ပေးသည့်ဆီများကိုလည်းပန်တောင်းသို့ပင်သယ်ဆောင်ခြင်းမပြုတော့ပဲပြည်မြို့ တွင်ပင် ပန်းတောင်းမြို့နယ် ဆက်သွယ်ရးတာဝန်ခံ ဒေါ်သိင်္ဂိအောင် စက်မှုကျွမ်းကျင် (၄) မှရောင်းစား    
နေကြောင်းသတင်း ရရှိပါသည်။ 




1 comment:

  1. ဆက်သွယ်ရေးက ငွေရှာပေးနေတာ သွားတိုင်မနေနဲ့။
    ဆက်သွယ်ရေး ဖုန်း၊ အင်တာနက်တွေ ဈေးကြီးနေတာ အထက်လူကြီးတွေ မသိတာမဟုတ်၊ အောက်လက်က လုပ်နေတာတွေကို မသိလို့ မဟုတ်၊နိုင်ငံတကာမှာ အလကားနီးပါးပေးနေတဲ့ ဆင်းကတ်ကို မတန်တဆရောင်းနေတာ သိပ်သိ၊ ဘာလို့ နှုတ်ပိတ်နေသလဲ၊ အားလုံးအတွက် ဆက်သွယ်ရေးဟာ ရတနာသိုက်ကြီးဖြစ်နေတယ်လေ၊
    ခရိုနီနဲ့ အစိုးရ ဝေစား မျှစားလုပ်နေတာ။
    ဒု-၀န်ကြီး မဖြစ်မီက ဆင်းကတ်တွေကို အလကားရအောင်လုပ်ရမယ်လို့ ပြောခဲ့တဲ့ KMD ဦးသောင်းတင်လဲ ဆက်သွယ်ရေး ဒု-၀န်ကြီး ဖြစ်ကထဲက နှုတ်ပိတ်သွားပါပြီ။ အစိုးရလူဖြစ်သွားပါပြီ။ တရုတ်ကြီးပြောသလို စွားပါရင် စားမှာပါဘဲကွာ တဲ့။
    ပျော့ပျော့နဲ့ တောင်းဆိုလို့ မရဘူး၊ တစ်ပြည်လုံး တညီတညွတ် အုံကြွတောင်းဆိုမှု မပြုဘဲ စစ်အာဏာရှင်တွေဆီ ထမင်းတစ်လုတ်တောင်မှ အလကားမပေးဘူးဆိုတာ သမိုင်းသက်သေတွေ အများကြီး ရှိနေပါပြီခင်ဗျာ။

    ReplyDelete