Pages

Tuesday, November 13, 2012

စာပေရေချမ်းစင်တွေ တောင်ကြီးရောက်ပြီ


~




ဂျွန်ချစ်ငြိမ်း (တောင်ကြီး) ~


အစိုးရပြန်ကြားရေးဌာနက စီစဉ်တဲ့ စာပေရေချမ်းစင်တွေ တောင်ကြီးမြို့ကိုလည်း ရောက်လာပါပြီ။

တောင်ကြီးမြို့ ၊ရွှေတောင်ရိုး ကားဂိတ်မှာ တခု ပေါ်လာပါတယ်။  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊  မြို့နယ် ဦးစီးမှူး ဦးနိုင်ဝင်းထွန်းကတော့ သူတို့ရုံးရှေ့မှာလည်း တခု စီစဉ်ထားပေးတယ်လို့ ပြောပါတယ်။

ပြည်သူကိုအခြေပြုပြီး တိုးချဲ့လုပ်ဆောင်သွားမယ်၊ ပြည်သူတွေကို စာပေ၊ အသိပညာ ပေးလိုတဲ့ ရည်ရွယ်ချက်နဲ့ ပြည်သူ အခြေပြုတဲ့နေရာတွေမှာ ထားရှိ ဆောင်ရွက်ပေးခြင်းဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

စာပေရေချမ်းစင်မှာတော့ ဦးနိုင်ဝင်းထွန်းပြောသလိုပဲ သုတ၊ ရသ ၊မဂ္ဂဇင်း၊ ဂျာနယ်အပတ်စဉ်ထုတ်၊ ရုပ်ပြ၊ နေ့စဉ်ထုတ် သတင်းစာ စသဖြင့် ထားရှိပေးတာ တွေ့ရပါတယ်။

မှတ်တမ်းစာအုပ် စီစဉ်ထားပေးတာကတော့  ပြည်သူ့အကြံပြုချက်တွေ ရေးနိုင်ဖို့ ဖြစ်တယ်လို့ ဦးစီးမှူးက ဆိုပါတယ်။

ဒီလဆန်းပိုင်းကပဲ ရန်ကုန်ဘူတာ၊ ရန်ကုန်လေဆိပ်တို့မှာ စာပေရေချမ်းစင်လို့ အမည်တပ်ထားတဲ့ စာအုပ်စင် ပေါ်လာတာပါ။ ကားဂိတ်၊ သင်္ဘောဆိပ်တွေမှာလည်း ဒီစင်တွေ ထားပေးမယ်ဆိုတဲ့ သတင်းတွေနဲ့အတူ တောင်ကြီးကို ဒီစင်တွေ ရောက်လာတာ ဖြစ်ပါတယ်။

ဖတ်စရာစုံတဲ့ ရေချမ်းစင် / ဓာတ်ပုံများ - ဂျွန်ချစ်ငြိမ်း (တောင်ကြီး)
တောင်ကြီးရောက် ရေချမ်းစင်မှာတော့ အထင်ကရဂျာနယ်တွေကို ထင်ထင်ရှားရှား တွေ့ရမှာပါ။ အစိုးရရဲ့ စာအုပ်စင် ဆိုပေမယ့်လည်း အတိုက်အခံပါတီ NLD ရဲ့ ဒီလှိုင်းဂျာနယ်ကိုလည်း နေရာပေးထားတာ တွေ့ရပါတယ်။

ကလေးစာပေတော့ မတွေ့ရပါ။ ကလေးစာပေက စာအုပ်လောကမှာလည်း ရှားပါးပစ္စည်း ဖြစ်နေတော့ ပြန်ကြားရေးဌာနရဲ့ စာအုပ်စင်ကို ရောက်မလာသေးတာလည်း ဖြစ်နိုင်ပါတယ်။
























-

No comments:

Post a Comment