Pages

Thursday, November 22, 2012

မြန်မာ့အသင်းကို အားပေးရန် လက်မှတ်အခမဲ့ဝေမယ်



ဓာတ်ပုံ-Soccer Myanmar 

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ လာမယ့် နိုဝင်ဘာ ၂၄ ရက်ကနေ ၃၀ ရက်နေ့အထိ ကျင်းပမယ်ယ့ ၂၀၁၂၊ အာဆီယံ ချန်ပီယံရှစ် 2012 AFF SUZUKI Cup ပြိုင်ပွဲမှာ မြန်မာ့ လက်ရွေးစင် ဘောလုံးအသင်းကို လာရောက်အားပေးမယ့် ထိုင်းနိုင်ငံက  မြန်မာပရိသတ်တွေကို မြန်မာဘောလုံးအဖွဲ့ချုပ်က ပွဲကြည့် လက်မှတ်တွေ အခမဲ့ ဝေငှသွားမှာ ဖြစ်တယ်လို့ ယနေ့ ထုတ် ကြေးမုံ သတင်းစာမှာ ဖော်ပြထားပါတယ်။
 
 ကြေးမုံ သတင်းစာ 

ထိုင်းနိုင်ငံရောက် မြန်မာပရိသတ်တွေ အနေနဲ့ မြန်မာဘောလုံးအသင်းကို အားပေးဖို့အတွက် တက်ကြွနေ သူများ ရှိသလို မြန်မာတွေ များများ လာအားပေးဖို့ အွန်လိုင်းက လှုံ့ဆော်ပေးမယ့်သူတွေလည်း ရှိပါတယ်။ 

အခုလို မြန်မာဘောလုံးသင်းကို မြန်မာပရိသတ်တွေ လာရောက်အားပေးရန် ပွဲကြည့်လက်မှတ် အခမဲ့ ဝေငှ တာဟာ တချိန်က ကြွေးကြော်သံတခုလို မြန်မာ့ အားကစား ကမ္ဘာကိုလွှမ်းရမယ်ဆိုတဲ့ အတိုင်း ဖြစ်လာဖို့ ကြိုးစားမှု ခြေလှမ်းတချို့ဖြစ်နိုင်ပါတယ်။

No comments:

Post a Comment