Pages

Thursday, November 22, 2012

လယ်သမားတွေ အိုးအိမ်ရုံးရှေ့ ချီတက် ဆန္ဒပြ


ဓါတ်ပုံ-မန်းသားလေး(ဧရာဝတီ)

မန်းသားလေး ~
တောင်သူ လယ်သမား ၃၀ ကျော်ဟာ မတရား သိမ်းဆီးခံထားခဲ့ရတဲ့ သူတို့ရဲ့ လယ်ယာမြေတွေ ပြန်လည် ရရှိဖို့အတွက် အိုးအိမ် ဦးစီးဌာန ရုံးရှေ့သို့ ယနေ့နံနက် ၉ နာရီအချိန်က ငြိမ်းချမ်းစွာ ချီတက် လမ်းလျှောက် ဆန္ဒပြခဲ့ပါတယ်။ 


အဆိုပါ လယ်သမားတွေဟာ ၀ါဝါ၀င်း ကုမ္ပဏီ ရုံးရှေ့မှာ ဆန္ဒပြနေခဲ့တာ ယနေ့ဆိုရင် ၂၃ ရက်မြောက် ရှိပြီဖြစ်ပါတယ်။ 


ယခုအချိန်ထိ လယ်ယာမြေ သိမ်းဆီးခံထားရမှုများနဲ့ပတ်သက်တဲ့ အာမခံချက် တစုံတရာ မရရှိသေးပါ ဘူး။ နေပြည်တော်မှာ ကျင်းပနေတဲ့ လွှတ်တော်အစည်းအဝေးမှာရော၊ သမ္မတရုံးရဲ့ ထုတ်ပြန်ချက်တွေမှာ လယ်ယာမြေ သိမ်းဆီးမှု ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းသွားရေးဆိုတာ ပြောဆိုနေကြပေမယ့် လယ်သမားတွေရဲ့ လက်တွေ့ဘ၀ အာ မခံချက် ပျောက်ဆုံးနေမှုကတော့ ယနေ့ထိ မေးခွန်း ထုတ်စရာ 
ဖြစ်နေပါသေးတယ်။ 








No comments:

Post a Comment