Pages

Wednesday, January 16, 2013

"ငြိမ်းချမ်းပါစေ ကမ္ဘာမြေ" စာအုပ်ဈေးရောင်းပွဲ

 ရွေတွံတေး ဆရာတော်မှ အလှူငွေ ပေးအပ်နေစဉ်၊ ဓာတ်ပုံ- ရွှေတွံတေး 
နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ချုပ်(နိုင်/ချုပ်) က ပြုလုပ်တဲ့ စာအုပ်ရောင်းပွဲကို ရန်ကုန်မြို့ ကန်တော်ကြီး  ကရ၀ိတ် ဥယျာဉ်တွင် ဇန်န၀ါရီလ ၁၅ ရက်နေ့ မှ ၁၈ ရက်နေ့ထိ ကျင်းပရာ ရွှေတွံတေး ဆရာတော်နှင့် နိုင်ငံခြားသား ရဟန်းတော်များ၊ ဧည့်သည်တော်များလည်း ကြွရောက်ခဲ့ကြပါတယ်။ 

နိုင်/ချုပ် စာအုပ်ရောင်းပွဲမှ ရရှိသော အမြတ်ငွေကို ကချင်ဒုက္ခသည်များနှင့် မိဘမဲ့ခလေးများ ပညာရေး အတွက် ထောက်ပံ့မည်ဖြစ်ရာ ရွှေတွံတေးဆရာတော်နှင့် ဧည့်သည်များက အလှူငွေများပေးအပ်ကြပါ တယ်။ 

 Hot News Journal ကိုယ်စား နိုင်ငံရေး အကျဉ်းသားဟောင်း ဦးဂျော်လီထွန်းကလည်း အလှူငွေ ၇ သိန်း ပေးအပ်လှူဒါန်းစဉ်၊ ဓာတ်ပုံ- ဦးဂျော်လီထွန်း 

နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ ကွန်ယက်၊ ဦးဝင်းတင်  
ဖောင်ဒေးရှင်းနှင့် နိုင်/ချုပ် တို့သည် ဒုက္ခသည်များနှင့် ခက်ခဲရင်ဆိုင်နေရသူများ အကျဉ်းစံများကို ကူညီစောင့်ရှောက်ပေးနေကြတာပါ။

ရွှေတွံတေးဆရာတော်က "ဒီအဖွဲ့တွေ ရည်ရွှယ်ချက်ကောင်းလို့ အားပေးတာပါ။ ထောင်ထဲမှာရှိတဲ့ အကျဉ်းသားတွေအားလုံးကိုလဲ ချက်ချင်းလွှတ်ပေးစေချင်တယ်။ ကချင်ဒေသမှာလဲ စစ်ပွဲတွေ ချက်ချင်း ရပ်စေချင်တယ်။ အင်အားကြီး ပါဝါကြီးတဲ့သူက သဘောထားကြီးပေးလိုက်ရင် ငြိမ်းချမ်းသွားမှာပဲ။ ဆရာတော် ကိုယ်တိုင်က ငြိမ်းချမ်းပါစေလို့ ပြောနေကြမို့ အခုကျင်းပတဲ့ ငြိမ်းချမ်းပါစေ ကမ္ဘာမြေ စာအုပ်ရောင်းပွဲကို ကြွဖြစ်တာပါ” လို့ မိန့်ကြားပါတယ်။





 တက်ရောက်လာတဲ့ ပရိသတ်တွေ



 ဒီလို တပျော်တပါး ဖျော်ဖြေမှုတွေလည်း ပါဝင်ပါတယ်။







No comments:

Post a Comment