Pages

Wednesday, January 16, 2013

စင်ကာပူကမြန်မာများနဲ့ တွေ့မယ့် မင်းကိုနိုင်၊ ဂျင်မီ၊ ဒါရိုက်တာ ၀င်းဖေ

~




မင်းကိုနိုင်၊ ဂျင်မီ၊ ဒါရိုက်တာ ၀င်းဖေတို့၏ စင်ကာပူ စာပေဟောပြောပွဲကို လာမည့်   ၂၀ ရက်နေ့တွင် ကျင်းပမည်ဖြစ်သည်။

 “လွတ်လပ်ခြင်းရဲ့ ရသ” ဟု အမည်ပေးထားသော စာပေဟောပြောပွဲကို လူဦးရေ ၁,၀၀၀ ၀န်းကျင်သာ ဆံ့မည့် Agora Hall,  Republic Polytechnic တွင် ကျင်းပမည် ဖြစ်သောကြောင့်  လက်မှတ် ကြိုတင် ၀ယ်ထားကြရန် စင်ကာပူမှ စီစဉ်သူတို့က  ဆော်သြလျက်ရှိသည်။

လက်မှတ်တစောင်လျင် စင်ကာပူဒေါ်လာ ၁၅၊ ၂၀ ဖြင့် ရောင်းချလျက်ရှိပြီး   အမြတ်ငွေများကို ဟောပြောပွဲ စီစဉ်သည့် “ရသအလင်း ဖောင်ဒေးရှင်း” ၏ ရံပုံငွေအတွက် အသုံးပြုသွားမည်ဟု သိရသည်။

 မင်းကိုနိုင်၊ ဂျင်မီတို့က ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၏ အထင်ကရ ခေါင်းဆောင်များဖြစ်သည်။ လစဉ်ထုတ် မဂ္ဂဇင်းများတွင် ကဗျာရေးသားလေ့ရှိသော မင်းကိုနိုင်၏ နောက်ကြည့်မှန် ၀တ္ထုသည် ၂၀၀၉ အောက်တိုဘာတွင် စတင် ထွက်ရှိလာသည်။

ဂျင်မီက အင်းလေးဒေသ အခြေခံ  "လမင်းစန္ဒာ အင်းလေးကန်သာ” လုံးချင်းဝတ္ထုကို မကြာသေးခင်လများအတွင်း ထုတ်ဝေလိုက်ခြင်းဖြင့် အသက်စက်စက် စာရေးဆရာ ဖြစ်လာသည်။



ကိုးကား။ ။ http://www.facebook.com/aestheticlightfoundation





 



















-- -

No comments:

Post a Comment