Pages

Wednesday, February 13, 2013

မော့စ် ကွယ်လွန်

~


လူရွှင်တော်၊ သရုပ်ဆောင် အကယ်ဒမီ မော့စ် ဒီမနက် ရန်ကုန်မြို့မှာ ကွယ်လွန်သွားတယ်လို့  မိသားစုက ပြောပါတယ်။ 
 ထာဝရအလင်းတန်းများ ဇာတ်ကားနဲ့  အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆုရရှိပြီး အကယ်ဒမီစင်မြင့်မှာ တွေ့ရတဲ့  မော့စ် (ဓာတ်ပုံ - ဂျေပိုင်/ဧရာဝတီ)
ပူပူနွေးနွေး အကယ်ဒမီဆုရှင် မော့စ် ကွယ်လွန်ချိန်မှာ အသက် ၅၉ နှစ် ရှိပါပြီ။
ဒီအကြောင်း သတင်းအပြည့်အစုံကို ဧရာဝတီ ပင်မ စာမျက်နှာမှာ မကြာခင် ဖော်ပြပေးမှာ ဖြစ်ပါတယ်။

ဒီဇင်ဘာ ၃၁ ရက်နေ့ ရန်ကုန်မြို့ အကယ်ဒမီပေးပွဲကို တက်ရောက်ခဲ့တဲ့ မော့စ်က  အဲဒီအချိန်မှာ ကျန်းမာရေး ကောင်းမွန်ခြင်း မရှိဘူးလို့ သိရပါတယ်။

အငြိမ့်စင်ပေါ်ကနေ ဗီဒီယိုရုပ်ရှင်ဘက်ကို ကူးပြောင်းခဲ့တာ နှစ်ပေါင်း ၂၀ ကျော်ပါပြီ။

ထာဝရအလင်းတန်းများ ဇာတ်ကားနဲ့  ရခဲ့တဲ့ဆုဟာ သူ့ရဲ့ ပထမဆုံး အကယ်ဒမီဆုလည်း ဖြစ်ပါတယ်။

 



 


























-

No comments:

Post a Comment