တရုပ်နိုင်ငံ၊ ကူမင်းပြည်နယ် လူထုတရားရုံးတခုက မြန်မာနိုင်ငံသား
စိုင်းနော်ခမ်းကို အပေါင်းပါ-၃-ဦး နဲ့ အတူ မတ်လ-၁-ရက်နေ့ မှာ
ဆေးထိုးသတ်မည်ဖြစ်သည်။
ကြွင်းကျန်ရစ်သော ရုပ်အလောင်း ကို
မြန်မာစစ်ကောင်စစ်ဝန်ရုံးသို့  ပေးပို့ မည်ဟု သတင်းများ မှာ
ဖေါ်ပြ
နေ ကြပါပြီ ။
ဤအချက်နှစ်ချက်ကို မြန်မာနိုင်ငံသားဖြစ်သော
ကျွန်တော်သည် လက်မခံ။ သို့ အတူ မြန်မာနိုင်ငံသား တို့ အနေဖြင့်
လက်သင့်မခံသင့် ။
ထို့ ကြောင့်ကျွန်တော်တို့ သည် မြန်မာအစိုးရကို
မေတ္တာရပ်ခံရပေတော့မည်ဖြစ်သည် ။ အဘယ့်ကြောင့် ဆိုသော်
မြန်မာနိုင်ငံသားတဦးကို ရာဇ၀တ်ပြစ်မှုအရ ဆေးထိုးသတ်ပြီး
အလောင်းကိုပြန်ပို့ မည် ဆိုခြင်း မှာ နှစ်နိုင်ငံ ချစ်ကြည်ရေးကို
လုံးဝပျက်ပြားနေနိုင်သောအချက်ဖြစ်သည် ။
မည်သည့်နိုင်ငံမဆို သူ၏ နိုင်ငံသားတဦးကို အခြားနိုင်ငံတခုခုမှ ပြစ်မှုဆိုင်ရာ တွေ
့ရှိသည့်တိုင်အောင် သူ၏ မိခင်နိုင်ငံသို့  ပြန်လည်ပေးပို့ ရသည် ။
သံခင်းတမန်ခင်းအရ ၄င်းပြသနာကို အကျဉ်းသားဖလှယ်ခြင်း ၊ နယ်နှင်ဒဏ်ပေးခြင်း
နှင့် အမည်ပျက် သတ်မှတ်ပြီး နိုင်ငံမှ နှင်ထုတ်ခြင်းစသည့်
အချက်အလက်များဖြင့် ဆောင်ရွက်ရသည် ။
မြန်မာနိုင်ငံသည် မည်သည့်အကြိမ်ကမျှ အခြားနိုင်ငံသား တဦးဦးကို
သေဒဏ်ပေးခြင်း၊ ဆေးထိုး သတ်ခြင်း တို့ ကို ပြုလုပ်ခဲ့ခြင်း မှတ်တမ်းမှတ်ရာ
မရှိခဲ့ဟု ထင်သည် ။
အခြားသူများက လေ့လာတွေ့ ရှိသည်ဟု ဆိုလျှင်လည်း
ကျွန်တော့်အား အပြစ်တင် ပြောဆိုနိုင်သည် ။ ကျွန်တော်ကမူ
မှတ်တမ်းမှတ်ရာများကို မတွေ့ ဖူးသေးချေ ။
၁၉၄၇-ခုနှစ်
ဗိုလ်ချုပ်အောင်ဆန်းတို့  လုပ်ကြံခံရစဉ်က ဂဋ္ဌုန်ဦးစောကို
လက်နက်ထုတ်ပေးသူများ ရှိသည်။ လုပ်ကြံရန် လက်ထောက်ချသူများ ရှိသည်ဟု
သမိုင်းမှာ အတိအလင်း ရှိနေဆဲဖြစ်သည် ။
ဗိုလ်ချုပ်အောင်ဆန်းကို
မည်သူသတ်သနည်း ဆိုသည်မှာ ဂဋ္ဌုန်ဦးစောကိုချည်း လက်ညိုးထိုး၍ မပြည့်စုံဟု
ထင်သည်။
အကယ်၍ ဗြိတိသျှ အစိုးရကသာ တိကျစွာ ဗိုလ်ချုပ်အောင်ဆန်းကို
လုပ်ကြံသူများမှာ အင်္ဂလိပ် အစိုးရက လည်း ကြံရာပါ ပူးပေါင်းပါဝင်သည်ဟု
ဆိုလျှင် မည်သို့ ဖြစ်လာမည်နည်း ။
ဂဋ္ဌုန် ဦးစောတို့ ကို ကြိုးဒဏ်ပေးရာ၌
မျက်နှာဖြူ အင်္ဂလိပ်အရာရှိတို့  ပါဝင်ပေလိမ့်မည်ဖြစ်သည် ။ သို့ သော်
၎င်းအချိန်က ဗြိတိသျှအစိုးရသည် ဂဋ္ဌုန်ဦးစောတို့ အဖွဲ့ ကိုသာကြိုးဒဏ်ပေးခဲ
့ကြသည် ။
အင်္ဂလိပ် လူမျိုး တဦးတလေမျှ မပါဝင်ခဲ့။
မြန်မာနိုင်ငံတွင် နိုင်ငံခြားသားကို ကြိုးဒဏ်ပေးခြင်း မရှိသော
အခြား ထူးခြားသော အချက်အလက် တခုမှာ တော်လှန်ရေးကောင်စီအစိုးရ၏
ဖိတ်ကြားချက်အရ ချစ်ကြည်ရေး ခရီးအဖြစ် ရောက်ရှိ လာသော တောင်ကိုးရီးယား
သမ္မတအပါအ၀င် အဖွဲ့ ဝင်များကို မြောက် ကိုးရီးယား နိုင်ငံမှ ကွန်မွန်ဒို
စစ်ဗိုလ်များက လုပ်ကြံခြင်းဖြစ်သည် ။
လုပ်ကြံသောနေရာကား
အာဇါနည်ကုန်းဖြစ်သည် ။ အာဇါနည်ခေါင်းဆောင်ကြီးများတို့ ၏ အုတ်ဂူများ
-အမိုး များ-ဥပစာနေရာများသည် ဗုံးခွဲ လုပ်ကြံသောကြောင့်
အားလုံးပျက်စီးသွားခဲ့ ရသည်။
မြောက်ကိုးရီးယားမှ လုပ်ကြံသော
စစ်ဗိုလ်များသည် ဖမ်းဆီးခံထိသော်လည်း သေဒဏ်အဖြစ် ပြစ်ဒဏ်ကို မခံစားရခဲ့ ။ အင်းစိန်အကျဉ်းထောင်မှာ တသက်တကျွန်း ကျခံခဲ့ရသည် ။
တော်လှန်ရေးကောင်စီမှ ဗိုလ်ချုပ်ကြီးနေ၀င်းသည် မြောက်ကိုးရီးယားမှ
ပြစ်မှူကျူးလွန်သူများကို မည်သို့  မျှ ဆေးထိုးမသတ်ခဲ့။ ကောင်းမွန်စွာ
ထောင်ထဲမှာ ကျွေးမွေးထားပေးခဲ့သည် ။
မြန်မာနိုင်ငံသား စိုင်းနော်ခမ်းသည် ခွန်ဆာကဲ့ သို့ ၎င်း
-လော်စစ်ဟန်ကဲ့ သို့ သော၎င်း ပြစ်မှုများ ကြီးမား သူ မဟုတ် ။ သူတို့ ကို
အမေရိကပြည်ထောင်စု အစိုးရမှပင် မူးယစ်ရာဇါများအဖြစ် ဒေါ်လာသန်းနှင့်ချီကာ
အလိုရှိသူများအဖြစ် ကြော်ငြာခဲ့ ရသေးသည် ။
သို့ သော် သူတို့ မှာ -၁၉၈၈-
ခုနှစ်အလွန် စစ်အစိုးရ၏ မ စ မှုကြောင့် မြန်မာနိုင်ငံ၌ အလှူရှင်ဒါယာကာ
နာမည်ကောင်းရရှိခဲ့ သော တကယ့်ခရိုနီများ ဖြစ်သည် ။
မည်သည့်ပြစ်ဒဏ်ကိုမျှ
အမေရိကရော ထိုင်းနိုင်ငံရော တရုပ်နိုင်ငံကရော ပေးလိုသည်ဟု အတွန့် မတက် ခဲ
့ကြ။
ယခုစိုင်းနော်ခမ်းသည် ၄င်းတို့ နှင့်စာလျှင် အလွန်တရာမှ
သေးငယ်လွန်းလှသော မူးယစ်ရာဇာလေး သာဖြစ်သည် ။
စိုင်းနော်ခမ်းသည် မြန်မာနိုင်ငံသားဖြစ်၍ မြန်မာနိုင်ငံသားတဦး၏
အခွင့်အရေးကို ခံစား ပိုင်ခွင့်ရှိသည်ဟု ကျွန်တော်ထင်သည် ။
ပြည်ပနိုင်ငံတွင် ဆေးထိုးသတ်ခြင်းခံရမည့် စိုင်းနော်ခမ်းအား
မြန်မာအစိုးရသည် မိမိနိုင်ငံသားတဦးအပေါ် ကာကွယ်စောင့်ရှောက်ပေးသင့်သည် ။
ဒုတိယအချက်အနေဖြင့် မဲခေါင်မြစ်တွင်းတွင် တရုပ်နိုင်ငံသား
သဘောင်္သား-၁၃-ဦးကို သတ်ဖြတ်ခြင်း၌ ပါဝင်သည်ဆိုကာ ပြစ်ဒဏ်ချမှတ်ခြင်းမှာ
တရားဥပဒေအရ သူ့ မှာ ပြစ်ဒဏ်ခံစားရသည်မှာ လွန်လွန်းလှသည် ။
၎င်းအမှုမှာ
သူကိုယ်တိုင်ကျူးလွန်ခြင်း မဟုတ်ဘဲ အခြားသူများသာ ကျူးလွန်ခြင်းဖြစ်သည် ။
အကယ်၍ မူးယစ်ရာဇာ တဦးအဖြစ် ပြစ်ဒဏ်များကို ကျခံစေသည်ဟု ဆိုသော်လည်း
ယခုလို လူမဆန်သော ရက်စက်မှု ဖြင့် သွေးအေးအေးနှင့် ပြစ်ဒဏ်မျိုး
မစီရင်သင့်ဟု မြင်သည် ။
မြန်မာအစိုးရသည် တရုပ်နိုင်ငံ၏ တရားစီရင်ရေးစနစ်ကို မဝေဖန်ရဲဟု
ဆိုသော်လည်း မိမိတို့  နိုင်ငံသား တဦးအတွက် တောင်းဆိုရန်
အခွင့်အရေးတရပ်ရှိနေသေးသည် ။
ဤသည်မှာ စိုင်းနော်ခမ်းသည် အခြားသော
မူးယစ်ရာဇာများကဲ့ သို့  မြန်မာအစိုးရ အဆက်ဆက် အား နှောင့်ယှက်တော်လှန်နေခဲ့ခြင်းများလည်း ရေရေရာရာ ရှိလှသည်ဟု မကြားမိချေ ။
သူ့ ကို ရှိနေပါခဲ
့သည်ဟု ပြောသည့်တောင်မှ သူပါဝင်ပါတ်သက်ခဲ့ သော ၄င်းဖြစ်ရပ်တို့ မှာ
ယခုမြန်မာ အစိုးရနှင့် ထိတွေ့ နေသော သူတို့ လောက် ဘာမျှ ပြောစရာမရှိချေ ။
ရှမ်းလူမျိုးဖြစ်သော မြန်မာနိုင်ငံသား တဦးဖြစ်သူ စိုင်းနော်ခမ်းကို
မြန်မာအစိုးရသည် လွယ်လင့်တကူ ဆေး ထိုးသတ်ရန် လက်လွပ်စပယ် မနေသင့် ။
ဥပေက္ခာမပြုသင့်ဟု ကျွန်တော်မြင်သည် ။
တရုပ်နိုင်ငံမှ မြန်မာနိုင်ငံသား
ရှမ်းလူမျိုး စိုင်းနော်ခမ်းကို ဆေးထိုးသတ်ပြီး အလောင်း ကို
မြန်မာနိုင်ငံ သို့ 
ပြန်ပို့ မည်ဆိုခြင်းမှာ မြန်မာနိုင်ငံအား မလေးစားသော
သဘောကို သက်ရောက်စေခြင်းဖြစ်သည် ။
ထို့ ကြောင့် ကြွင်းကျန်ရစ်သော
ရုပ်အလောင်းကို မလိုဘဲ အရှင်လပ်လပ် မြန်မာနိုင်ငံအား ပြန်ပို့ ပေး ရန်
မြန်မာအစိုးရက တောင်းဆိုရန်လိုသည် ။
မြန်မာနိုင်ငံသားဖြစ်၍
မြန်မာနိုင်ငံ၏ ဥပဒေအရသာ ကျခံပေးမည်ဆိုခြင်းဖြင့်
နှစ်နိုင်ငံချစ်ကြည်ရေးကို တည်ဆောက်သင့်သည်ဟု မြင်ပါသည် ။
ခိုင်အောင်ကျော် ( နယူးယောက် ) ~

အဲဒီလိုဘဲတောင်းဆိုသင့်ပါတယ်။မြန်မာနိုင်ငံသားတဦးကိုအခြားနိုင်ငံတခုကလက်လွတ်စပယ်သတ်ပစ်မယ်ဆိုတာမြန်မာန်ုင်ငံသားတိုင်းလက်သင့်မခံနိုင်တဲ့ကိစ္စတခုဘဲဖြစ်ပါတယ်။ကျွန်တော်တိုဘာမှမလုပ်နိုင်ပေမဲ့လုပ်နိုင်တဲ့သူများလက်ပိုက်ကြည့်မနေကြပါနဲ့လို့တေင်းဆိုချင်ပါတယ်
ReplyDeleteမြန်မာနိုင်ငံမှ သူ့ကိုစွဲထားသော..အမှုများ သိချင်ပါသည်......၀မ်ပုံကရဲတွေ အသတ်ခံရတာတွေ ပါလား...
ReplyDeleteRight!Myanmar government should argue about this.This will decline govern.'s dignity.We agree this writing.
ReplyDeleteတောင်းပြန်ရင် လည်း ဘိန်းရာဇာနဲ့ပဲ မကင်းရာမကင်းကြောင်းတွေရှိလို့တောင်းတာ..ဘာညာ လာအုံးမယ်.. ဘိန်းရောင်းပြီး လူသတ်တဲ့ နိုင်ငံသားတစ်ယောက်ထက် စာရင် ကျန်တဲ့နိုင်ငံသားတွေ အတွက် ရပ်တည်ပေးဖို့အများကြီးရှိနေသေးတယ်.. ထစ်ကနဲ ရှိ ဟောင်ဖို့ပဲသိတယ်.
ReplyDeleteဆန်ကုန်မြေလေး...သေသွားတာအေးပါတယ်။တပ်မမှူုးတွေ...ဗျူဟာမှူးတွေလဲစားပေါက်ပိတ်တာပေါ့..
ReplyDeleteဒီနေ့သတ်မှာဆို တားလို့မှီပါတော့မလားဟင် :(
ReplyDeleteတကယ်လို့သာခု အဖြစ်အပျက်နဲ့ပြောင်းပြန် တရုတ်ရဲ့ ရာဇ၀တ်သားဆိုရင် မြန်မာပြည်က အာဏာပိုင်များက နှစ်နိုင်ငံချစ်ကြည်ရေးအတွက်ဆိုပြီးတရုတ်ကို ပြန်ပို့ပေးမှာ မြင်ယောင်မိပါတယ်။ စိုင်းနော်ခမ်း ဘယ်လောက်ဆိုးသလဲ မသိပေမယ့် သူ့ထက်မဆိုးရင်တောင် သူ့အောက် မလျော့မယ့် ဘိန်းဘုရင် လော်စစ်ဟန်ရဲ့ သားတွေ မြန်မာပြည်မှာ ခရိုနီ သူဌေးကြီးတွေ ဖြစ်နေတာတော့ ရင်နာစရာပါပဲ။။
ReplyDeleteI am very sorry to hear that. This story also highlights that Myanmar is being influenced by the Chinese government. Why our government hesitated to bring the victim from Lao??? In my opinion our government should have done that, if the government has brought the victim to Myanmar, the government must have gain many advantages. For example, the government will be trusted by the Burmese and also make a radical change in the history of our new government.
ReplyDeleteမြန် မာ နိုင် ငံကိုမ လေးစားတာ သိသာပါတယ်။ မြန်မာ လူမျိုး တစ်ယောက်ကို တခြားနိုင် ငံက သေဒဏ်ပေးတယ်ဆိုတာ လုံးဝမဖြစ်သင့် ဘူး။ မြန်မာ့ ဥပ ဒေနဲ့  စီမံခွင့် ပေးသင့်တယ်။ ဒီလိုသာ လုပ်ခဲ့ မယ်ဆို တရုတ် ကို ပိုပြီး ဆနိ့  ကျင် ရမယ်
ReplyDeleteWill some former gov.'s authorities n lapadaung explosive order man b also killed by using drugs that inject to die!
ReplyDeleteသူဖာ့သာမူးယစ်ရာဇာဖြစ်ဖြစ် မြန်မာနိုင်ငံသားတစ်ယောက်ပါ၊ တရုပ်က အခြားနိုင်ငံများကို မလေးစားရာရောက်တယ်လို့မြင်ပါတယ်၊ သူသတ်တဲ့သူတွေက တရုပ်မှောင်ခို ဘိန်းကုန်သည်လည်းဖြစ်နိုင်တာပဲ သူတို့ချင်း အဝေမတည့်လို့သတ်ရင်လည်းသတ်မှာပေါ့
ReplyDeleteမကောင်းတဲ့သူကို မကောင်းသလိုစီရင်တာ လက်ခံပေမယ့်၊ တခြားနိုင်ငံသားတစ်ယောက်ကို လုပ်ချင်သလိုလုပ်တာတော့ စိတ်မကောင်းပါ၊ တရုပ်မှ ပတ်ဝန်းကျင်နိုင်ငံကို ဂရုမစိုက်ရာကျပါတယ်
တရုပ်တွေ မြှောက်ထိုးပင့်ကော်လုပ် လက်နက်ရောင်း သူတို့အကျိုးအတွက် အခြားနိုင်ငံရဲ့ ပြည်သူပြည်သားတွေကို ဂရုမထားတာကကော သူတို့ အစိုးရကို မျက်ကွယ် သေဒဏ်ပေးလို့ရမလားဗျာ..လောဘအထောမသတ်တဲ့တရုပ်ပါ၊ သူနဲ့ဟိုးအဝေးကြီးက ကျွန်းတွေတောင် သူပိုင်တယ်ဆိုပြီး အင်အားသုံးလုယူထားတာဗျာ .. စိတ်ဓါတ်မကောင်းတဲ့သူတွေပါ.. (တရုပ်ပြည်သူတွေအကုန်တော့ မဆိုလိုပါဘူး၊ ဒီ တရုပ် အစိုးရကိုပဲအဓိကဆိုလိုချင်တာပါ)၊ တခြားအိမ်ကလူတယောက်ငါ့အိမ်ကကြက်ခိုးရင် ဆုံးမရိုက်လို့ရလား ဒါမှမဟုတ် ခိုးတဲ့သူအိမ်ကို ပြောပြီးဆုံးမခိုင်းတာ ဘယ်ဟာပိုကောင်းလဲဗျာ)
လူထုကိုတကယ်ကိုယ်စားမပြုတဲ့ ဂုဏ်သိက္ခာမဲ့တဲ့
ReplyDeleteစစ်တပိုင်းအစိုးရဆိုတော့ သိက္ခာအပြည့်နဲ့မရပ်တည်နိုင်
မပြောဆိုနိုင်တာသဘာဝကျပါတယ်။
လူထုအကျိုးစီးပွားကို အမှန်တကယ်မလိုလားသ၍
တရုတ်ကလဲ ဗမာပြည်ကိုအမှိုက်ပုံလောက်သဘော
ထားမှာပဲ။
မိမိနိုင် ငံသားကို မိမိနိုင် ငံတွင် ကျူးလွန်သောအမှုအတွက် သူတပါးနိုင် ငံက စီရင်ခြင်းခံရတာ အချူပ် အခြာအာဏာကို အ စော်ကားခံရတာနဲ့ အတူတူပါဘဲ။
ReplyDeleteအမှန်တရားတွေပေါ်မှာဆိုးလို့ သူ့ကိုဘယ်သူမှမကယ်နိုင်ရှာ.......
ReplyDeleteတရုတ်တွေ ဒီလိုအမှုနဲ့မကင်းတဲ့သူတွေကိုဖမ်းရင် ထုတ်တဲ့ဆုငွေတွေ တရုတ်နိုင်ငံရဲ့ပိုက်ဆံတွေလောက်မှာမဟုတ်... လူသတ်ဆေးလောက်မှာမဟုတ်.....
သူနဲ့ဆက်နွယ်နေတဲ့လူတွေရဲ့ အပြစ်ကိုအားလုံး သူနဲ့တပါးတည်းသယ်ယူသွားပေးတဲ့ ကယ်တင်ရှင် မြန်မာနိုင်ငံသား စိုင်းနော်ခမ်း.......