Pages

Friday, March 1, 2013

နိုင်ငံရေးအကျဉ်းသား ရှိသေးရင် ပြောပါ


နိုင်ငံရေးအကျဉ်းသားတွေ ဘယ်လောက် ကျန်သေးသလဲ ဆိုတာကို စိစစ်ဖို့ အစိုးရနဲ့ အဖွဲ့အစည်းတချို့ ပူးပေါင်းပြီး ကော်မတီတခု ဖွဲ့ထားပါတယ်။

အကျဉ်းသားစာရင်းပြုစုနေတဲ့ ဒီကော်မတီဆီကို အချက်အလက်တွေ ပေးပို့ကြဖို့ သူတို့ရဲ့ ဖိတ်ခေါ်ချက်ကို ကူးယူ ဖော်ပြလိုက်ပါတယ်။ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေ ပါပါတယ်။

(ယူနီဖောင်းဝတ်) ဗိုလ်ချုပ်ကြီးတွေ ကြီးစိုးတဲ့ ပြီးခဲ့တဲ့ အနှစ် ၂ဝ ဝန်းကျင်အတွင်း သူတို့နဲ့ သဟဇာတ မဖြစ်သူ အများအပြား၊ ဒီမိုကရေစီအရေး လုပ်ဆောင်သူ အများအပြားကို ပုဒ်မမျိုးစုံနဲ့ ထောင်ထဲ ပို့ခဲ့ပါတယ်။ ဘယ်သူက နိုင်ငံရေးအကျဉ်းသားလဲ ဆိုတာ စာရင်းပြုစုထားခဲ့ဟန် မတူပါဘူး။

အခုမှ ပြန်ပြီး စာရင်းပြုစုနေတယ်လို့ ဆိုရပါမယ်။

(အပေါ်ပုံက ၂၀၁၂ ဇန်န၀ါရီ ၃ အင်းစိန်ထောင်ရှေ့ မြင်ကွင်း ဖြစ်ပါတယ်)


စာမျက်နှာ ၁

စာမျက်နှာ ၂ 

No comments:

Post a Comment