Pages

Friday, March 22, 2013

မိတ္ထီလာ မငြိမ်မသက်မှု နောက်ဆုံးအခြေအနေ


မိထ္တီလာမြို့လယ်ဈေးပတ်လမ်းနား၊ နာရီစင်အနီးအနားပတ်ဝန်းကျင်ရှိ ဈေးဆိုင်ခန်းများ၊ အဆောက်အအုံ များ မီးလောင်ကျွမ်းနေပြီး အာဏာပိုင်များက မီးကို  ကြိုးစားငြိမ်းသတ်နေရကြောင်း ဧရာဝတီ သတင်းထောက် က သတင်းပေးပို့သည်။ ( မနက် ၁၀ နာရီ မိနစ် ၃၀ သတင်းပေးပို့ချက်)

"ဆိုင်ခန်းတွေနဲ့ အဆောက်အအုံတွေ အများကြီး မီးလောင်နေတယ်။ မီးလောင်နေတဲ့ အဆောက်အအုံ ထဲမှာ ဗလီတခုလည်းရှိနေတယ်။ ရပ်ကွက်သူ ရပ်ကွက်သားတွေနဲ့ အာဏာပိုင်တွေပေါင်းပြီး မီးကို ကြိုးစားငြိမ်းနေကြတယ်။ ဘယ်သူတွေရှို့လဲတော့မသိဘူး။ ဒေသခံတွေက အဲလို မီးရှို့မှုတွေ မဖြစ်စေချင်ဘူး။ မန္တလေးတိုင်း ၀န်ကြီးချုပ် ဦးရဲမြင့်လည်း မီးလောင်တဲ့နေရာကို ရောက်နေတယ်။ အုပ်စုဖွဲ့တိုက်ခိုက်တာတွေ၊ သတ်ဖြတ်တာတွေ တော့ ဒီနေ့မနက်ပိုင်းအထိ မကြားရသေးဘူး" ဟု ဧရာဝတီသတင်းထောက်က ပြောသည်။ 

မီးလောင်မှုကို အာဏာပိုင်များက ကြိုးစားငြိမ်းသတ်နေရသော်လည်း မီးညွှန့်ကျိုးအောင်ပင် မနည်းငြိမ်း သတ်နေရသည်ဟု သိရှိရသည်။ 

မိထ္တီလာမြို့သို့ ရောက်ရှိနေသော ပြည်တွင်းပြည်ပသတင်းထောက်များ၏ ကင်မရာများ အသိမ်းခံရခြင်း၊ ရိုက်ထားသော ဓာတ်ပုံများကို ဖျက်ခိုင်းခြင်းကို အုပ်စုဖွဲ့ထားသော လူအုပ်စုတခုက လုပ်ဆောင်နေပြီး ယင်းလူအုပ်တွင်ဦးဆောင်သူအချို့မှာ ရဟန်းနှင့်ကိုရင်များပါဝင်နေကြောင်း ကင်မရာအသိမ်းခံရသူ သတင်းထောက်တဦးက ဧရာဝတီသို့ အတည်ပြုပြောသည်။ 

မိထ္တီလာမြို့၏ လုံခြုံရေးအခြေအနေမှာ တမြို့လုံးသို့ လွှမ်းခြုံနိုင်ခြင်းမရှိဟု ဒေသခံများနှင့်သတင်းထောက် များထံ မေးမြန်းချက်များအရ သိရှိရသည်။

No comments:

Post a Comment