Pages

Friday, March 22, 2013

God's Army နောက်တဖွဲ့ လာပြီလား


မူးယစ်ဆေးဝါးဖြန့်တဲ့နေရာလို့ သတင်း ထွက်နေတဲ့  ထိုင်းမြန်မာနယ်စပ် မဲဆောက်-မြ၀တီချစ်ကြည်ရေး တံတားအောက် သောင်းရင်းမြစ်အတွင်းရှိ  ရေလယ်ကျွန်းကို
ကရင်လူငယ် လက်နက်ကိုင်အဖွဲ့တခုက ဒီမနက်  ၆း၀၀ နာရီခန့်မှာ  ၀င်ရောက် ထိန်းချုပ်လိုက်ပါတယ်။


(ဓာတ်ပုံများ - ပြည်တော်မြင့်/ဧရာဝတီ)


ဒီအဖွဲ့ခေါင်းဆောင် စောမိုရှေးက  လက်နက်ကိုင်အင်အား ၂၅ ဦးခန့်နဲ့   ဝင်ရောက် ထိန်းချုပ်တာလို့ ဧရာဝတီကို ပြောပါတယ်။

၂ ဧကလောက်ပဲ အကျယ်အ၀န်း ရှိတဲ့ ဒီနေရာမှာ  မူးယစ်ဆေးဝါး ရောင်းဝယ် ဖြန့်ချိနေတာ အနှစ် ၂၀ နီးပါးရှိပြီလို့ သူက ထပ်ပြောပါတယ်။

ဒီမနက် ၀င်ရောက်စီးနင်းမှုက  လူငယ်များရဲ့ အနာဂတ် ကောင်းမွန်ဖို့အတွက် ရည်ရွယ်ပါတယ် တဲ့။

ထိုင်း နဲ့  မြန်မာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကတော့ ရေလယ်ကျွန်းကို ခပ်လှမ်းလှမ်းကနေ အကဲခတ်နေကြတာ တွေ့ရပါတယ်။

ဒီအဖွဲ့က ဘယ်သူတွေလဲ။
သူတို့နောက်ကွယ်မှာ ဘယ်သူတွေ ရှိလဲ။
သူတို့ရဲ့ ဒီမနက် ရေလယ်ကျွန်း ၀င်ရောက်စီးနင်းမှုဟာ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က ပေါ်လာတဲ့ God's Army ရဲ့ လှုပ်ရှားမှုတွေကို သတိရစေပါတယ်။

God's Army လို့ သူတို့ကိုယ်သူတို့ အမည်ပေးထားတဲ့ ကရင်လက်နက်ကိုင်အဖွဲ့အကြောင်း တစေ့တစောင်းကို သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၄၈)  http://burma.irrawaddy.org/archives/23007 မှာလည်း ဖတ်ခဲ့ကြရမှာပါ။

ဒီမနက် ထိုင်းမြန်မာနယ်စပ် ရေလယ်ကျွန်းကို ကရင်လက်နက်ကိုင်တစု ၀င်ရောက်ထိန်းချုပ်တဲ့သတင်း အပြည့်အစုံကို ဧရာဝတီ ပင်မ စာမျက်နှာမှာ မကြာခင် ဖော်ပြပေးမှာ ဖြစ်ပါတယ်။





No comments:

Post a Comment