Pages

Thursday, May 23, 2013

ပါလက်စတိုင်းကို မြန်မာအမျိုးသမီးအသင်း ၆ ဂိုး သွင်းမယ်



အာရှချန်ပီယံရှစ် ခြေစစ်ပွဲမှာ  မြန်မာအမျိုးသမီး ဘောလုံးအသင်းက ဒီကနေ့မှာတော့ အိမ်ရှင် ပါလက်စတိုင်းအသင်းနဲ့ ကန်ရပါမယ် တဲ့။


ပါလက်စတိုင်းမှာ လေ့ကျင့်နေတဲ့ မြန်မာအမျိုးသမီးအသင်း  (ဓာတ်ပုံများ - Myanmar Football Federation)

ပါလက်စတိုင်းအသင်းကို မြန်မာအမျိုးသမီးအသင်းက ၆ ဂိုး သွင်းမယ်လို့ မြန်မာအသင်းနည်းပြချုပ် ကုမာဒါက ခန့်မှန်းကြောင်း မြန်မာ ဘောလုံးအဖွဲ့ချုပ်  ၀က်ဆိုက်မှာ မနေ့က ရေးထားပါတယ်။

လက်ရှိအခြေအနေ


အုပ်စု(ဃ) မှာ တိုင်ဝမ် နဲ့ မြန်မာတို့ ၃ မှတ်စီ ရထားတယ်၊ ထိုင်ဝမ်က ဂိုးအရေအတွက် ပိုတဲ့အတွက် ထိပ်က ဦးဆောင်နေပါတယ် လို့ မနေ့က မြန်မာ ဘောလုံးအဖွဲ့ချုပ် Facebook မှာ ရေးပါတယ်။

ထိုင်ဝမ်ကို ကျော်နိုင်ဖို့ ဂိုးအရေအတွက် လိုအပ်နေတာကြောင့် နည်းပြချုပ်က အထက်ပါအတိုင်း ကြုံးဝါးထားတာပါ။


ဧရာဝတီအားကစား စာမျက်နှာမှာလည်း  မြန်မာအမျိုးသမီးအသင်းအကြောင်း ရေးထားပါတယ်။

လင့်က http://burma.irrawaddy.org/archives/40434 ဖြစ်ပါတယ်။

အိမ်ရှင်အသင်း

အိမ်ရှင် ပါလက်စတိုင်းအသင်းက ဂိုးအလှူပေးတဲ့အသင်းလိုဖြစ်ကြောင်း ပွဲရလဒ်တွေက ညွှန်းနေပါတယ်။

မနေ့ကပဲ ထိုင်ဝမ်က  ပါလက်စတိုင်းကို ၆ ဂိုး ထည့်ပါတယ်။ ပါလက်စတိုင်းအမျိုးသမီးတွေက ခြေပဂိုး မထည့်နိုင်ပါ။

မြန်မာအသင်း


နည်းပြချုပ်က မြန်မာအသင်းနဲ့ ပတ်သက်ပြီး ချီးကျူးထားတာ ရှိပါတယ် -

"ကျွန်တော်တို့မှာ ပြိုင်ဘက် အသင်းတွေနဲ့ ကွာခြားတာ ဘာမှမရှိပါဘူး။ တစ်ခုပဲ ရှိတယ်။ အဲဒါက မြန်မာ အမျိုးသမီး အသင်း တစ်သင်းလုံး စည်းလုံး ညီညွတ်တဲ့ အသင်းဖြစ်သလို နိုင်လိုစိတ် အပြင်းထန်ဆုံး ကစားသမား တွေနဲ့ စုဖွဲ့ထားတာ ပါပဲ။ ခြေစစ်ပွဲ အောင်ဖို့ အထူးကြိုးစားသွား မှာပါ" လို့ နည်းပြချုပ်က ပြောဆိုကြောင်း
အဖွဲ့ချုပ် အွန်လိုင်းမှာ တနင်္လာနေ့က ရေးပါတယ်။


ရန်ကုန်ကအထွက်မှာ တွေ့ရတဲ့ ကစားသမားများ နဲ့ အဖွဲ့ချုပ် ဥက္ကဋ္ဌ


အသင်းမှာ ပါဝင်တဲ့ လူစာရင်းကိုလည်း အခုလို တွေ့ရမှာပါ -

ဂိုး - သင်းသင်းစိုး

နောက်တန်း - ဖူးပွင့်ခိုင်၊ မိုးမိုးဝါ၊ ရွှေစင်အောင်၊ နန်းကြေးငုံ


အလယ်တန်း - နော်အားလိုဝါးဖော၊ ခင်သန်းဝေ၊ သန်းသန်းထွေး၊ စန်းစန်းမော်

ရှေ့တန်း - ရီရီဦး၊ ခင်မိုးဝေ

အရန်ကစားသမားများ

မြင့်မြင့်အေး၊ ဇာခြည်ဦး၊
ခင်မာလာထွန်း၊ ဝေေ၀အောင်၊

သီတာဦး၊ သန္တာမိုး၊
နီလာမြင့်၊ ဇင်မာဝင်း၊

အေးအေးမိုး၊ မာဂရက်မေရီ၊
မေခင်ယမင်း၊ မြဖူးငုံ
 

 
  ဧရာဝတီ Facebook / ဧရာဝတီ Twitter
 



No comments:

Post a Comment