Pages

Friday, May 24, 2013

မြန်မာအသင်း ပါလက်စတိုင်းကို ၉ ဂိုး သွင်း

 မြန်မာအမျိုးသမီးအသင်းက အိမ်ရှင် ပါလက်စတိုင်း အမျိုးသမီးအသင်းကို ၉ ဂိုး -
ဂိုးမရှိနဲ့ နိုင်သွားတယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အွန်လိုင်းမှာ ရေးထားပါတယ်။


(ဓာတ်ပုံ -
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်)

"ပါလက်စတိုင်းအသင်း မှာ ခန္ဒာကိုယ်ကြံ့ခိုင်တောင့်တင်းမှုရှိသော်လည်း တစ်ဦးချင်း ခြေစွမ်းအရ မြန်မာကစားသမားများကို ယှဉ်မကစားနိုင်ခဲ့ပေ" လို့ အဲဒီမှာ ရေးပါတယ်။

မနက်ဖြန် ထိုင်ဝမ်ကို နိုင်ရင်  မြန်မာအသင်း အာရှချန်ပီယံရှစ် ဖိုင်နယ်ပွဲစဉ်တွေကို တက်မယ်လို့ သိရပါတယ်။

အားကစားသတင်းတွေ၊ ဆောင်းပါးတွေကို ဧရာဝတီ အားကစား စာမျက်နှာမှာလည်း ပုံမှန် ဖော်ပြနေပါတယ်။ လိပ်စာက http://burma.irrawaddy.org/archives/category/all2/allsports ဖြစ်ပါတယ်။
ပါလက်စတိုင်း ခြေစွမ်း နဲ့ သူ့ပရိသတ်
၂၀၁၄ အာရှအမျိုးသမီး ချန်ပီယံရှစ်ခြေစစ်ပွဲ အုပ်စုပွဲတွေ ပါလက်စတိုင်းမှာ ကန်နေတာပါ။ ဆိုခဲ့သလိုပဲ အိမ်ရှင်အသင်းက ခြေစွမ်း အားနည်းပါတယ်။ သူတို့ဆီမှာ လူဦးရေနည်းပါးတဲ့အတွက် ဘောလုံးဝါသနာပါသူ၊ ကစားလိုသူ နည်းပါးတာကြောင့် ဒီလိုအခြေအနေ ဖြစ်နေပုံပါပဲ။ ကန်သူ နည်းတဲ့အပြင် ဘောလုံးပွဲကြည့်သူလည်း နည်းပါတယ်။ အထူးတန်းပွဲကြည့်စင်မှာပဲ လူခပ်ကျဲကျဲ ရှိနေတာကို ဓာတ်ပုံများထဲ တွေ့ရမှာပါ။
ဒါတောင်မှ ကိုယ့်အသင်းကန်တဲ့အခြေအနေပါ။ ကိုယ့်အသင်း မပါတဲ့ပွဲတွေဆိုရင်
ပရိသတ်အရေအတွက် ဘယ်လောက်ရှိမယ် ဆိုတာ ခန့်မှန်းကြည့်ပါတော့။
အထူးတန်းပွဲကြည့်စင်မှာ ရှိတဲ့ ပရိသတ် နည်းနည်းလေးဟာ ပါလက်စတိုင်း ပရိသတ်မဟုတ်ဘဲ ထိုင်ဝမ်၊ အိန္ဒိယအသင်းက ကစားသမားတွေ၊ နည်းပြတွေလည်း ဖြစ်နိုင်ပါတယ်

ဂိုးမိုး

မြန်မာအသင်းနည်းပြက သူ့ကစားသမားတွေဟာ ပါလက်စတိုင်းကို ၆ ဂိုး ထည့်မယ်လို့ ကြုံးဝါးခဲ့တာ ဒီလိုအခြေအနေတွေကို သိလို့ ပြောရဲဆိုရဲခဲ့တာဖြစ်ပါလိမ့်မယ်။  အခုတော့ ၉ ဂိုး ထည့်လိုက်ပါပြီ။


ဗုဒ္ဓဟူးနေ့ကလည်း ထိုင်ဝမ်အသင်းက ပါလက်စတိုင်းကို ၆ ဂိုး ထည့်ခဲ့ပါတယ်။

နိုင်ငံက အသစ်၊ လူဦးရေလည်း နည်းပါးတဲ့ ပါလက်စတိုင်းရဲ့ အမျိုးသမီးအသင်းက ဒီလိုအနေအထား ဖြစ်နေတာ မထူးဆန်းပါဘူးလို့ ဆိုရပါမယ်။

ပါလက်စတိုင်းရဲ့ လူဦးရေက ၄ သန်း ဝန်းကျင်ပဲ ရှိပါတယ်။

မြန်မာက သန်း ၆၀၊ တရုတ်တိုင်ပေ လို့ ဆိုကြတဲ့ ထိုင်ဝမ်က ၂၃ သန်း အသီးသီး ရှိကြပါတယ်။



.

No comments:

Post a Comment