Pages

Sunday, May 26, 2013

ဦးမင်းကိုနိုင်ပြောတဲ့ နိုင်ငံသားအခွင့်အရေးနဲ့ တာဝန်ယူမှု

အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေကြတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်နဲ့ ဦးကိုကိုကြီးတို့ကို နယူးယောက်မြို့၊ မြန်မာမိသားစုတွေနဲ့ တွေ့ဆုံပွဲမှာ နိုင်ငံသားဖြစ်မှုကိစ္စနဲ့ပတ်သက်တဲ့ အကြောင်းကို ပြောသွားခဲ့ပါတယ်။ 

 နယူးယောက်မြို့ မြန်မာမိသားစုများနဲ့တွေ့ဆုံပွဲမှ ဦးမင်းကိုနိုင်၊ ဓာတ်ပုံ- ကိုအောင်ချစ်

မြန်မာနိုင်ငံသားဖြစ်ရေး မြန်မာစာ၊ မြန်မာစကားဆိုတာကို ပြေဆိုတတ်ဖို့ လိုပြီး နိုင်ငံသားဖြစ်ရေးကိစ္စမှာ စံတခု ပေါ်ထွက်လာဖို့ လိုအပ်တာကိုလည်း ဦးမင်းကိုနိုင်က ပြောပါတယ်။ နိုင်ငံသားဖြစ်နေတဲ့ နိုင်ငံသား တဦးအနေနဲ့ နိုင်ငံသားအခွင့်အရေးအပြည့်အ၀ ရစေရေး သူတို့အားလုံး ကြိုးစားသွားမှာပါပဲ လို့ ပြော သွားခဲ့ပါတယ်။ 

နိုင်ငံသား အခွင့်အရေးဆိုတာ ရှိသလို နိုင်ငံသားတိုင်းမှာ တာဝန်ဆိုတာကိုလည်း အလေးအနက် သိနား 
လည်ဖို့ လည်း ဦးမင်းကိုနိုင်က ပြောဆိုသွားခဲ့ပါတယ်။ 

 

 အိမ့်သံစဉ် ~

No comments:

Post a Comment