Pages

Sunday, May 26, 2013

ရန်ကုန် ယာဉ်ထိန်းရဲ Nissan Fair Lady ပြိုင်ကား သုံးပြီ

ရန်ကုန်တိုင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှာ ပြိုင်ကားတစင်းကို ပထမဆုံး ယာဉ်ထိန်းရဲကားအဖြစ် အသုံးပြုတော့မယ့် အကြောင်း ဒီနေ့ထုတ် ကြေးမုံသတင်းစာ နောက်ကျောဖုံးမှာ ရေးထားပါတယ်။

ဓာတ်ပုံ-( ကြေးမုံသတင်းစာ)

နာမည်ကြီး Nissan Fair Lady ပြိုင်ကားတစီးကို အခု မေလ ထဲမှာပဲ ဂျပန်နိုင်ငံက လှူဒါန်းလာတာကြောင့် ဒီကားကို ယာဉ်ထိန်းရဲကားအဖြစ်နဲ့လည်း အသုံးလိုနေတာကြောင့် ဒီပြိုင်ကားဟာ ပထမဆုံး ယာဉ်ထိန်းရဲ ပြိုင်ကား ဖြစ်လာမှာပါ။

အခုလို ပြိုင်ကား အကောင်းစားတစီးကို ယာဉ်ထိန်းရဲကားအဖြစ်နဲ့ အသုံးပြုရတာဟာ ညဖက်တွေမှာ အရှိန်ပြင်း မောင်းနှင်တဲ့ ကားတွေနဲ့ စည်းကမ်းဖျက် တိမ်းရှောင်ယာဉ်တွေကို လိုက်လံ ဖမ်းဆီးရာမှာ အသုံးပြုဖို့နဲ့ VIP ရှေ့ပြေး ယာဉ်အဖြစ်လည်း အသုံးပြုသွားမှာဖြစ်တယ်လို့ နေပြည်တော် ယာဉ်ထိန်းရဲ ဋ္ဌာနက ရဲမှူးကြီး ကျော်ထွေးကို ကိုးကားပြီး ကြေးမုံသတင်းစာက ဖော်ပြထားပါတယ်။


Nissan Fairlady-Z Club Myanmar မှာ တွေ့ရတဲ့ ရဲပြိုင်ကား ဓာတ်ပုံ


ယာဉ်ထိန်းရဲကားကို အခုလို လူကြိုက်များ ပြိုင်ကားအသုံးပြုလိုက်တာကြောင့် ရန်ကုန်မြို့မှာ ည အချိန်မတော် သောင်းကျန်းနေတဲ့ လူကြီးသားသမီးများဆိုတဲ့ ကားပြိုင်မောင်းတာနဲ့ ရမ်းကားမှုတွေ အတွက် ဘယ်လောက် အထောက်အကူဖြစ်မယ်ဆိုတာတော့ စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။ 


2 comments:

  1. ဒို့ တိုင်းပြည်မှာ police story ဇာတ်ကားထဲကလို ဂျက်ကီချမ်း တစ်ယောက်တော့ လိုလိမ့်မယ်

    ReplyDelete
  2. ပြိုင်ကားအသင်းထဲ အသင်းဝင်လုပ်လိုက်မှဖြင့်. . . .

    ReplyDelete