Pages

Monday, May 20, 2013

သီလရှင်သင် ပညာရေးကျောင်းနဲ့ One More အလှူ


လူတယောက် တလ တထောင်နှုန်း လှူဒါန်းထည့်ဝင်မှုတွေကို လစဉ် စုစည်း ကောက်ခံပေးနေတဲ့ One More အဖွဲ့က ရန်ကုန်မြို့ပြင်တနေရာမှာရှိတဲ့ ချမ်းသာအောင် သီလရှင်သင် ပညာရေးကျောင်းကို မကြာသေးခင်က သွားရောက်ခဲ့ပါတယ်။

အလှူငွေတချို့ကို သွားရောက်ပေးအပ်ခဲ့တာပါ။
 
ဒေါ်သုဝဏ္ဏဉာဏီ

ရန်ကုန်မြို့ပြင် ဒဂုံတက္ကသိုလ်ရှေ့ လမ်းမကြီးကနေ သွားရင် ဒီကျောင်းလေးကို ရောက်ပါတယ်။
သွားရေးလာရေး တော်တော်လေး ခက်ခဲပါတယ်။ တက္ကစီသမားတွေ ညည်းတွားကြတဲ့လမ်းပါ။

 ဒဂုံတက္ကသိုလ်နဲ့ သိပ်မဝေးပေမယ့် ဖော်ထားတဲ့မြေကွက် အများအပြားဟာ အိမ်ဆောက်ဖို့ ဝေး၊ ခြံစည်းရိုးတောင် မရှိတာ လမ်းတလျှောက် တွေ့ရပါတယ်။

ဒါကြောင့်  ဒဂုံတက္ကသိုလ်ကို ဘယ်လိုနေရာမှာ တည်ခဲ့တယ် ဆိုတာ မရောက်ဖူးသူတွေ ခန့်မှန်းနိုင်လောက်ရောပေါ့။

ချမ်းသာအောင် သီလရှင်သင် ပညာရေးကျောင်းကို သွားရာလမ်းမှာ မြင်ကွင်းက ရန်ကုန်မြို့တွင်းနဲ့ မတူပါ။

အမျိုးသမီးနင်းတဲ့ဆိုက်ကားကို တွေ့နိုင်သလို အကောင်းဆုံးဝီစကီ ဆိုတဲ့ကြော်ငြာကို ပတ်လည်ကပ်ထားတဲ့ လမ်းဘေးရေအိုးစင်ကိုလည်း တွေ့နိုင်ပါတယ်။
 


သီလရှင်သင် ပညာရေးကျောင်းကို ရောက်တော့ နွေရာသီပန်းချီသင်တန်းနဲ့ တိုးပါတယ်။
 
ပန်းချီနည်းပြဆရာမ

အဆောင်တချို့ တိုးချဲ့ဆောက်နေတာလည်း တွေ့ရပါတယ်။


 စာသင်ကျောင်းလေးရဲ့ မူလအနေအထား

ဒီကျောင်းလေးကို ဟိုကဒီက လှူဒါန်းကြတဲ့ သတင်းတွေ စာနယ်ဇင်းများမှာ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်နိုင်ရင်တော့ ဒီကျောင်းလေးမှာ လိုအပ်တဲ့ ရုပ်ဝတ္ထုပစ္စည်းတွေ ဖြည့်ဆည်းဖို့၊ ဆရာ/ဆရာမလစာ ထောက်ပံ့ဖို့လည်း ပိုမို အဆင်ပြေပါလိမ့်မယ်။



စာသင်ကျောင်းအခြေအနေ၊ One More အလှူအကြောင်းတို့ကို ဧရာဝတီရုပ်သံမှာ ကြည့်ရှုနိုင်ပါပြီ။

 

 
  ဧရာဝတီ Facebook / ဧရာဝတီ Twitter
 



No comments:

Post a Comment