Pages

Wednesday, June 26, 2013

ထွေးပိုက် အိပ်မက် နှင်းဆီ




    အသက်အငယ်ဆုံး အမျိုးသမီး စာရေးဆရာတွေထဲ တစ်ဦးအပါအ၀င်ဖြစ်တဲ့  စုသဲမွန်နဲ့ ဆွေးနွေးပွဲကို လာမယ့် စနေနေ့ ရန်ကုန်မြို့မှာ ပြုလုပ်ပါမယ်။

ရေးသူဖတ်သူဆွေးနွေးပွဲမှာ သုံးသပ်ကြမယ့် စာအုပ်ကတော့ “ထွေးပိုက်အိပ်မက်နှင်းဆီ”လို့ အမည်ပေးထားတဲ့ ၀တ္ထုတိုစုစည်းမှု ဖြစ်ပါတယ်။

မကြာသေးခင်က ထွက်ခဲ့တဲ့ ဒီစာအုပ်ဟာ စုသဲမွန် ရဲ့ဒုတိယမြောက်စာအုပ်ဖြစ်ပြီး ဝတ္ထုတို ၁၈ပုဒ် ထည့်သွင်းထားတာပါ။

စာအုပ်အတွက် အမှာစာကို  မောင်မိုးသူနဲ့ စမ်းစမ်းနွဲ့(သယာဝတီ)တို့က ရေးပေးထားပါတယ်။



ဆရာမရဲ့ ၀တ္ထုတိုတွေနဲ့ ပတ်သက်ပြီး စာဖတ်သူတွေထံက လွတ်လွတ်လပ်လပ် ဆွေးနွေးမေးမြန်း ဝေဖန်မှုတွေ ပြုလုပ်နိုင်အောင်ရည် ရွယ်ပြီး  ဒီပွဲကို စီစဉ်တာ ဖြစ်တဲ့အတွက် လွတ်လပ်စွာလာရောက် ဆွေးနွေးပါလို့ စီစဉ်သူတွေက ဖိတ်ခေါ်ထားပါတယ်။

အချိန် - ဇွန်လ ၂၉ရက်(စနေနေ့) ၁းဝဝ မှ ၃းဝဝ အထိ
နေရာ - Home Media Center
အမှတ် ၅၈/၆၀ ၊ဗိုလ်အောင်ကျော်လမ်း၊ အောက်ဘလောက်


စာရေးဆရာမ စုသဲမွန်၏ ကိုယ်ရေးအကျဉ်း  

စုသဲမွန်(၁၉၈၄-)

ကသာမြို့ဇာတိ စုသဲမွန်၏ အမည်ရင်းမှာ ချိုဝတ်ရည်လွင်ဖြစ်ပြီး  မိဘများမှာ အဖဦးတင့်လွင်( မောင်လွင်မွန် -ကသာ)၊ အမိ ဒေါ်အေးအေးတို့ဖြစ်သည်။

ရန်ကုန်တွင် ပညာသင်ကြားခဲ့ပြီး ၂၀၀၁ ခုနှစ်တွင်  အထက် တန်းစာမေးပွဲ အောင်မြင်ခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ B.B.A ဘွဲ့ရရှိခဲ့သည်။
၂၀၀၆ ခုနှစ်မှ ၂၀၁၁ခုနှစ်အထိ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့ PT. Mingala အထည်ချုပ်စက်ရုံတွင် Designer အဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သည်။
၂၀၀၆ခုနှစ်တွင် ပထမ၀တ္ထုတို စုစည်းမှုအဖြစ် “မွေးနေ့ သစ်ကိုအိပ်မက်တဲ့ကျွန်မ” ၀တ္ထုတိုများကို ထုတ်ဝေခဲ့သည်။

ယခုအခါ စာရေးသား ခြင်း ဖြင့်ရပ်တည်နေပြီး စုသဲမွန်၊ ချိုဝတ်ရည်လွင် အမည်များဖြင့် ၀တ္ထုတို၊ ဆောင်းပါး၊ အက်ဆေးများ ရေးသားလျက်ရှိသည်။



.

No comments:

Post a Comment