Pages

Wednesday, June 26, 2013

ဇူလိုင် ၁ ရက်နေ့ထုတ် တိုင်းမ်မဂ္ဂဇင်းကို မြန်မာပြည်မှာ ပိတ်ပင်လိုက်ပြီ

အမေရိကန် အခြေစိုက် TIME မဂ္ဂဇင်းကြီးက မြန်မာနိုင်ငံက ရဟန်းတပါးဖြစ်တဲ့ ဦး ၀ီရသူကို မျက်နှာပုံ တင်ပြီး ဆောင်းပါး တခု ဖော်ပြခဲ့တာကို မြန်မာအစိုးရ က ကန့်ကွက်ပြီးနောက်ပိုင်း အခု နောက်ဆုံး အနေနဲ့  အဆိုပါ တိုင်းမ် မဂ္ဂဇင်းမူရင်းကိုသော်လည်းကောင်း၊ မိတ္တူပွား၍သော်လည်း ဖြန့်ချီခွင့်၊ လက်ဝယ် ထားရှိခြင်းတွေကို ပိတ်ပင်လိုက်ပါတယ်။ 



"လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းများ ထပ်မံမဖြစ်ပွားစေရေးအတွက် ကာကွယ်နိုင်ရန် ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ (၁) ရက်နေ့ ထုတ် တိုင်းမ်မဂ္ဂဇင်း၊ အတွဲ(၁၈၂)၊ အမှတ် (၁) ပါ The Face of Buddhist Terror ဆောင်းပါး ကို ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အတွင်း မူရင်း စာစောင်အတိုင်း ဖြစ်စေ၊ မိတ္တူပွား၍ ဖြစ်စေ ထုတ်လုပ်ခြင်း၊ ရောင်းချခြင်း၊ ဖြန့်ချိခြင်း၊ လက်ဝယ်ထားရှိခြင်း မပြုလုပ်ရန် အများ
ပြည်သူ အကျိုးငှာ ကြေညာလိုက်သည်" ဟု  အရေးပေါ်ကာလ စီမံခန့်ခွဲမှု ကော်မတီ က ဇွန်လ ၂၅ ရက်နေ့ ကြေညာချက်မှာဖော်ပြထားပါတယ်။

သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာပြီးနောက်ပိုင်း အခု ကိစ္စဟာ ပထမဆုံး စာနယ်ဇင်းဆိုင်ရာ ပိတ်ပင် မှု တခုလည်းဖြစ်ပါတယ်။ 

အဆိုပါ ကော်မတီက ထိုကဲ့သို့ ပိတ်ပင်ကန့်သတ်လိုက်တာဟာ လူမျိုးရေး ဘာသာရေး အဓိကရုဏ်းတွေ ထပ်မံ မဖြစ်ပေါ်လာဖို့အတွက်လို့ လို့ ဆိုထားပါတယ်။ 

တိုင်းမ်မဂ္ဂဇင်းက ဖော်ပြခဲ့တဲ့ ဆောင်းပါးနဲ့ပတ်သက်လို့လည်း အခုလို အဆိုပါ ကော်မတီ ရဲ့ ကြေညာချက်မှာ ဖော်ပြထား ပါတယ်။ 

"တိုင်းမ်မဂ္ဂဇင်း၏ ဖော်ပြချက်သည် ဗုဒ္ဓဘာသာ သာသာနာ အပေါ် အထင်အမြင် လွဲမှားစေပြီး နိုင်ငံတော်မှ အကောင် အထည်ဖော် ဆောင်ရွက်နေသည့် ဘာသာပေါင်းစုံတို့အကြား အပြန်အလှန် ယုံကြည်မှု တည်ဆောက်နေခြင်းကိုလည်း ထိခိုက်စေနိုင်ကြောင်း တွေ့ရှိရပါသည်" လို့ အရေးပေါ်ကာလ စီမံ ခန့်ခွဲမှု ကော်မတီ အတွင်းရေးမှူး လက်မှတ်ရေးထိုး ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။



အိမ့်သံစဉ် ~

5 comments:

  1. ပိတ်စ၇ာမလိုပါဘူး....မြန်မာပြည်မှာTime Magazine ဖတ်နှိုင်တဲ့သူဆိုလို့ ၁% မရှိပါဘူး။

    ReplyDelete
  2. online ကနေဖတ်လည်းရနေတာကို popular ဖြစ်အောင် သက်သက်လုပ်နေတာပါ။သူတို့ ကိုယ်တိုင်ကချဲ့ နေတာ

    ReplyDelete
  3. ဘာလဲ မြန်မာ ပြည်ကမြန်မာလူမျိုးတွေကိုစော်ကားလိုက်တာလား ။ လဒ လောက်တော့ ဌက်တိုင်းလှတယ်မိတ်ဆွေ။ မြန်မာလူမျိုးတွေဟာ ခငဗျားထင်သလို စောက်တုံးတွေမဟုပ်ပါဘူး။ ပိုက်ဆံပေးဝယ်ဖတ်နိုင်တဲ့လူတွေရှိသလို English စာဖတ်တတ်တဲ့သူတေလည်း လူဦးရေ၏ ၇၅ % လောက်တော့ရှိပါတယ်။ comment ကိုလွယ်လွယ်ပေးလို့ရတယ်ဆိုပြီး လက်လွတ်စပယ်မရေးပါနဲ့။

    ReplyDelete
    Replies
    1. Why you use baf word? You show your status.

      Delete
  4. အင်္ဂလိပ်စာဖတ်တတ်တာ.....မဖတ်တာကိုပြောတာမဟုတ်ဘူး...Time Magazine စောင်ေ၇က...မြန်မာပြည်မှာ..၆၀၀ လောက်ဘဲရှိတာ။ အဂ်လိပ်စာ၁၀၀%...ဖတ်တတ်တယ်...ပိုက်ဆံလဲတတ်နိုင်တယ်ထားလိုက်ပါတော့....သန်း၆၀ လောက်ရှိတဲ့လူတွေအကုန်ဖတ်နှိုင်ပါ့မလား။

    ReplyDelete