Pages
Saturday, June 29, 2013
အမရပူရမှာ ရှိတဲ့ ထိုင်းဘုရင့်ဂူရဲ့ ရှေ့ရေး
 အယုဒ္ဓယဘုရင့်ဂူ တူးဖော်ရေးနှင့် ရှေ့လုပ်ငန်းများ အကြောင်း ရှင်းလင်းပွဲကို သင်္ချိုင်းဂူရှိရာ အမရပူရမြို့ နယ် ဦးပိန်တံတားအနီး  လင်းဇင်းကုန်းသုသာန်ရှိ
ဇရပ်တွင် ယနေ့ ကျင်းပခဲ့သည်။
ဘုရင်၏ ဘွဲ့အမည်များမှာ ကျောက်ဘွားဒေါက်မဒူးဝါး၊  မင်းသားကြီးဥတွန်ပုံ၊ မဟာထေရ်ဥဒုမ္ဗရ စသည်တို့ဖြစ်သည်။
ဘုရင့်ဂူ ပြုပြင်ထိန်းသိမ်းရန်အတွက်  ထိုင်းကော်မတီနှင့်၊ မြန်မာကော်မတီဟူ၍ သီးခြား ဖွဲ့စည်းထားကြောင်း သိရသည်။
ခန့် မှန်းချေ  ဘတ်သန်းတရာအထက် ကုန်ကျမည့် စရိတ်ကို ထိုင်းတို့က ကျခံမည်ဟု ဆိုသည်။
ဓာတ်ပုံများ နဲ့ အချက်အလက် - တေဇာလှိုင်
ဆက်စပ် - အမရပူရ၌ ထိုင်း ယဉ်ကျေးမှု ကျေးရွာ တည်ရန် စီစဉ်
http://burma.irrawaddy.org/archives/38393
အရိုးအိုးတွေ့ ရှိရာ  စေတီတော်၏ အရှေ့မြောက်ထောင့်ရှိဂူ
ဗုဒ္ဓပူဇနိယစေတီတော် နှင့် အရိုးအိုးတွေ့ ရှိရာဂူ
တူးဖော်ရေးလုပ်ငန်းအတွင်းရှိဗုဒ္ဓပူဇနိယစေတီတော်
တူးဖော်ရေးလုပ်ငန်းအတွင်းရှိ ဂူနှင့် အခြားသာသနိက အထိမ်းအမှတ်နေရာ
ရှေးဟောင်းဂူထိန်းသိမ်းရာတွင်ပါဝင်သော မြန်မာပညာရှင်အချို့ ထိုင်းဘုရင့် ဂူထိန်းသိမ်းရေးအဖွဲ့  ထိုင်းကော်မတီခေါင်းဆောင် မစ္စတာ မစ်ကီဟတ်
.
No comments:
Post a Comment