Pages

Saturday, June 29, 2013

နေပြည်တော်က အဆင့်မြင့်ပညာရေး ဆွေးနွေးပွဲ NLD ဥက္ကဋ္ဌ တက်ရောက်

နေပြည်တော်မှာ ကျင်းပတဲ့ Empowering Higher Education ဆွေးနွေးပွဲကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်အမှာစကား ပြောကြားပါတယ်။ 

 ဓာတ်ပုံ- NLD

ပညာရေး စနစ်၊ ပညာရေးကဏ္ဍဟာ နိုင်ငံတနိုင်ငံအတွက်သာမက ဘယ်နိုင်ငံအတွက်ပါမဆို အလွန် အရေးကြီးတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုသွားတယ်လို့ သိရပါတယ်။ 

အဆင့်မြင့်ပညာရေးဆိုတာ အခွင့်ထူးခံလူတန်းစာတရပ်ကို ကိုယ်စားပြုပြီး လုပ်တာ မဖြစ်သင့်ကြောင်းနဲ့ အားလုံး ခံစားခွင့်ရှိတယ်ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်က ပြောသွားကြောင်း ဆွေးနွေးပွဲ တက်ရောက် သူ ကိုအာကာဗိုလ်က ဧရာဝတီကို ပြောပါတယ်။ 

မြန်မာနိုင်ငံမှာ တက္ကသိုလ်တွေမှာ စာသင်ကြားရေးသာမက လုပ်ရတာဖြစ်ပြီး တက္ကသိုလ် ဘ၀ ဆိုတာ ရှိရမှာဖြစ်ပေမယ့် တက္ကသိုလ် ဘ၀ ( Campus Lives) တွေ ပျောက်နေတယ်လို့ လည်း 
ဒေါ်အောင်ဆန်းစုကြည် က ပြောသွားတယ်လို့ သူက ဆက်ပြောပါတယ်။
 
သင်္ဂဟ ဟိုတယ်မှာ ဒီမနက်ပိုင်းက စတင်ကာ အဆင့်မြင့်ပညာရေး ဆိုင်ရာ ဆွေးနွေးပွဲတရပ်ကို ကျင်းပရာ မှာ ပညာရေး ၀န်ကြီးဌာနက ဒေါက်တာ မျိုးမြင့်၊ ဒေါက်တာ ချမ်းငြိမ်းအစရှိတဲ့ ပုဂ္ဂိုလ်တွေ၊ NLD ပါတီ ပညာရေး ကွန်ရက်က ဒေါက်တာ သိန်းလွင်အပါဝအ၀င် အစရှိသူတွေ၊ ပြည်တွင်း၊ ပြည်ပ ပညာရှင်တွေ၊ လူငယ်ကျောင်းသားတွေ၊ ပညာရေး စိတ်ဝင်စားကြ သူတွေ၊ အစိုးရမဟုတ်တဲ့ လူထုအခြေပြု လူ့အဖွဲ့ အစည်းတွေ တက်ရောက်ကြပါတယ်။ 

အဆိုပါ ပညာရေး ဆိုင်ရာ ဆွေးနွေးပွဲကို အာရှဖွံ့ဖြိုးရေးဘဏ် - ADB၊ သြစတြေးလျ အကူအညီပေးရေး အဖွဲ့ Australia AID နဲ့ ကုလသမဂ္ဂအဖွဲ့အစည်းတခုဖြစ်တဲ့ ယူနက်စကို UNESCO တို့က အတူပူးပေါင်း လက်တွဲကာ British Council က ကြီးမှုးကျင်းပနေတာဖြစ်ပြီး ယနေ့ ဇွန်လ ၂၉ ရက်နေ့နဲ့ ၃၀ ရက်နေ့ ၂ ရက်တာ ကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။

No comments:

Post a Comment