Pages

Monday, June 17, 2013

ကွယ်လွန်သူ နိုင်ရောစ အတွက် ဒေါ်အောင်ဆန်းစုကြည် ၀မ်းနည်းခြင်း သ၀ဏ်လွှာပို့

မွန်ပြည်သစ်ပါတီ ဒုက္ကဋ္ဌ နိုင်ရောစ ကွယ်လွန်ကြောင်းကြားသိရသဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( NLD) ပါတီ တိုင်းရင်းသား အဖွဲ့အစည်းများနှင့်ဆက်ဆံရေးကော်မတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်မှ ၀မ်းနဲကြောင်းသ၀ဏ်လွှာပေးပို့သည်ကို သိရှိနိုင်ရန် သတင်းပေးပို့ခဲ့ပါတယ်။ 

 ဓာတ်ပုံ- အဲမွန်

မွန်ပြည်သစ်ပါတီ ဒုဥက္ကဋ္ဌ  နိုင်ရောစသည် ထိုင်းနိုင်ငံ နေရာတခုတွင် ကင်ဆာရောဂါဖြင့် ဇွန်လ ၁၅ ရက်
နေ့ က ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။ 



နဲာရဿ (ခေါ်) မင်းဆွေရင်
အသက် (၆၇) နှစ်
ဒု-ဥက္ကဌ၊ မွန်ပြည်သစ်ပါတီ

မုဒုံမြို့နယ်၊ ကလော့သော့ရွာနေ ဖခင် ဦးမောင်မောင်၊ မိခင် ဒေါ်ဖွားစိန်တို့မှ ကောဇာသက္ကရာဇ် ၁၃၀၈ ခုနှစ်၊ တန်ဆောင်မုန်း လဆန်း ၈ ရက်နေ့တွင် မင်းဆွေရင်အား ဖွားမြင် ခဲ့သည်။ မွေးချင်း ၅ ဦးအနက် စတုတ္ထမြောက် သားဖြစ်သည်။


မူလတန်းမှစ၍ အဌမ တန်းအထိ ကလော့သော့ရွာ အလယ်တန်း ကျေားတွင်၎င်း၊ နဝမတန်းကို ကမာဝက် အထက ကျောင်းတွင်၎င်း၊ ၁၀ တန်းကို မုဒုံမြို့ အထက (၁) ကျောင်းတွင်၎င်း ဂုဏ်ထူးဖြင့်နှစ်ချင်းပေါက် ထူးချွန်စွာ အောင်မြင် ခဲ့သည်။ ထိုနောက် ရန်ကုန် စီးပွားရေး တက္ကသိုလ်တွင် ပညာ ဆည်းပူး၍ B.Com နှင့် RA ဘွဲ့ ရရှိ ခဲ့သည်။


ရန်ကုန် စီးပွားရေး တက္ကသိုလ်တွင် ပညာဆည်းပူး နေစဉ် ၁၉၆၆-၆၇ ခုနှစ် များ၌ မွန်စာပေ ယဉ်ကျေးမှု ကော်မတီ၊ ရန်ကုန် တက္ကသိုလ်တွင် အထွေထွေ အတွင်းရေးမှူး တာဝန် ၂ နှစ် ထမ်းဆောင် ခဲ့သည်။


ထို့နောက် မွန်ပြည်သစ် ပါတီ၏ မြေအောက် လုပ်ငန်းများကို ထမ်းဆောင် ခဲ့ပြီး ၁၉၇၀ ခုနှစ်တွင် မွန်ပြည်သစ် ပါတီသို့ အပြီးအပိုင် ဝင်ရောက် ခဲ့သည်။ ၁၉၇၁ ခုနှစ်တွင် မွန်ပြည်သစ် ပါတီ၏ ဗဟို ကော်မတီဝင်၊ ၁၉၇၅ ခုနှစ်တွင် ဗဟို အလုပ် အမှုဆောင် ကော်မတီ၊ မွန်ပြည်သစ်ပါတီ နှစ်ခြမ်းကွဲသည့် ၁၉၈၁ တွင် အထွေထွေ အတွင်းရေးမှူး၊ မွန်ပြည်သစ်ပါတီ ပြန်လည် ပေါင်းစည်းသော အခါ ၁၉၈၇ ခုနှစ်တွင် တွဲဖက် အထွေထွေ အတွင်းရေးမှူး ၊ ၁၉၈၉ ခုနှစ်တွင် အထွေထွေ အတွင်းရေးမှူး၊ ၂၀၀၃ ခုနှစ်တွင် ဒုဥက္ကဌ (၂)၊ ၂၀၀၆ ခုနှစ်တွင် ဒုဥက္ကဌ အဖြစ် ကွယ်လွန်သည် အထိ တာဝန် ထမ်းဆောင် ခဲ့သည်။



No comments:

Post a Comment