Pages

Tuesday, July 30, 2013

ဒေါက်တာစင်သီယာမောင်ဆေးခန်း နဲ့ ရေဘေးအန္တရာယ်



ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့မှာ ဒီလ ၂၁ ရက်နေ့ကစပြီး မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းတဲ့အတွက် ရေဘေးကျရောက်တဲ့အထဲမှာ မယ်တော်ဆေးခန်းလည်း ပါဝင်ပါတယ်။ ဆေးခန်းထဲ ရေ၀င်လို့ လူနာ ၂၀၀ ကို ဒီနေ့အရေးပေါ်ပြောင်းရွှေ့နေရပါတယ်။



ရေဘေးဒဏ်ခံရတဲ့မယ်တော်ဆေးခန်း (ဓာတ်ပုံများ - ပြည်တော်မြင့်/ဧရာဝတီ)


အဲဒီလူနာတွေကို ဆေးခန်းရဲ့ တဖက်ခြမ်းမှာရှိတဲ့ CDC အထက်တန်းကျောင်းမှာ ပြောင်းရွှေ့နေရာချထားပေးနေပါတယ်။  လူနာတွေရော လူနာစောင့်တွေပါ ဆိုရင် အားလုံး ၃၀၀ လောက်ရှိပါတယ်။

ရေဘေးဒဏ်ခံရတဲ့လူနာတွေဟာ မြန်မာနိုင်ငံဘက်ကနေ မယ်တော်ဆေးခန်းမှာ ဆေးဝါးကုသမှုလာရောက်ခံယူကြသူတွေဖြစ်ပြီး၊   သူတို့ကို မယ်တော်ဆေးခန်းက အခမဲ့ ၀န်ဆောင်မှုပေးနေတာပါ။


ရေဘေးဒဏ်ကြောင့်အခုလို မယ်တော်ဆေးခန်းကလူနာတွေ အကုန်လုံး ဘေးလွတ်ရာ ရှောင်ကြရတာကတော့  ပထမဆုံးဖြစ်ပြီး အရင်က ဒီလို အခြေအနေဆိုးတွေ မကြုံရဘူးလို့ ဆေးခန်းမှူးတဦးက ဧရာဝတီသတင်းဌာနကို ဆိုပါတယ်။

ဒီလူနာတွေကိုအကူအညီပေးချင်ရင် CDC အထက်တန်းကျောင်းမှာ သွားရောက်ကူညီနိုင်တယ်လို့ ဆေးခန်း တာဝန်ရှိသူတဦးကပြောပါတယ်။


မယ်တော်ဆေးခန်းဟာ မြန်မာနိုင်ငံက ဆင်းရဲနွမ်းပါးပြီး ကျန်းမာရေးစောင့်ရှောက်မှု ခံယူဘို့ လိုအပ်နေတဲ့  နှစ်စဉ် လူနာ ၁၃၀,၀၀၀ ကို အခမဲ့ဝန်ဆောင်မှု  ပေးနေတဲ့ဆေးခန်းဖြစ်ပါတယ်။

 ထိုင်းဘုရင့်သမီးတော် မဟာချက်ကရီသီရိဒုံဖွင့်ထားတဲ့  မဲဆောက်မြို့ပြင်က ထိုင်းမူလတန်းကျောင်း တကျောင်းလည်း  တောင်ကျရေကြောင့် မနေ့ညက ပျက်စီးသွားခဲ့ရပါတယ်၊  အဲဒီကျောင်းမှာမြန် မာကလေးငယ်အချို့ ပညာသင်ကြားနေကြပါတယ်။



.

No comments:

Post a Comment