Pages

Tuesday, July 30, 2013

လပြည့်ဝန်းပလာဇာရှေ့က မီးသတ်ကားများ


ရန်ကုန်မြို့ ဒဂုံမြို့နယ်  လပြည့်ဝန်းပလာဇာကို ဒီကနေ့ အင်္ဂါနေ့ နေ့ခင်း ၁ နာရီဝန်းကျင်မှာ မီးသတ်သမားတွေ ရောက်သွားပါတယ်။
အသေးစား မီးလောင်မှုတခု ဖြစ်ပွားခဲ့ပုံပါပဲ။ 


(ဓာတ်ပုံများ - ဂျေပိုင် / ဧရာဝတီ)


အနီးအနားမှာ အထင်ကရ အထက်တန်းကျောင်း ဒဂုံ ၁    ကျောင်းဆင်းကျောင်းတက်ချိန်လွန်သွားပေမယ့် မီးသတ်ကား အ၀င်အထွက်ကိစ္စများ နဲ့ အရေးပေါ်လှုပ်ရှားမှုတွေကြောင့် အဲဒီရှေ့မှာ ယာဉ်ကျောပိတ်ဆို့မှု ကာလအတန်ကြာ ဖြစ်ခဲ့တာ တွေ့ရပါတယ်။

ရန်ကုန်မြို့လယ်မှာ မီးမတော်တဆမှုတွေ ဖြစ်ပွားမှု မကြာခဏ ပေါ်ပေါက်တတ်ပေမယ့်လည်း အထပ်မြင့်တိုက်ခန်းတွေသာ အများစု ရှိတာကြောင့် အကြီးအကျယ် မီးလောင်မှု ဖြစ်ပွားလေ့ မရှိပါဘူး။

သမ္မတဟိုတယ်နဲ့ မနီးမဝေးမှာ တည်ရှိတဲ့ လပြည့်ဝန်းပလာဇာရှေ့ကို
ဒီကနေ့ မီးသတ်ကား အများအပြား ရောက်သွားပေမယ့်လည်း ပုံမှာ တွေ့ရတဲ့အတိုင်း အမှုက ကြီးကြီးမားမား ဖြစ်ခဲ့ပုံ မရပါဘူး။

ရန်ကုန် အထပ်မြင့်တိုက်ခန်းတွေမှာ ဖြစ်လေ့ရှိတဲ့ မီးလောင်မှုတွေဟာ လျှပ်စစ်မီး မတော်တဆမှုတွေနဲ့ ဆက်စပ်နေလေ့ ရှိပါတယ်။

ဒီကနေ့ ညနေပိုင်း ရဲတပ်ဖွဲ့ facebook မှာတော့
"(၆)လွှာ၊အနောက်ဘက်(ယာ)ခန်း သဘောင်္ဆေးပုံးအခွံများနှင့် အဆောက်အဦး ဆောက်လုပ်ပြုပြင်ရာတွင် ကာရံ အသုံးပြုသည့် နိုင်လွန်ပိုက်ကွန်များ ထားရှိရာအခန်း ၌ မီးလောင်မှုဖြစ်ပွား" လို့ ရေးသားထားပါတယ်။

 









.

No comments:

Post a Comment