Pages

Monday, September 9, 2013

ရတနာများနဲ့ သူတော်စင် အရိုးစုများ


အခုတွေ့ရတဲ့ ဓာတ်ပုံတွေဟာ ကက်သလစ် သူတော်စင်ရဲ့ ကျောက်မျက် ရတနာ ရွှေ၊ ငွေ ပစ္စည်းတွေနဲ့ ဆင်ယင်ထားတဲ့ အင်ဒီယာနာ ဘုန်းစ်လို့ ကျော်ကြားနေတဲ့ အရိုးစုတွေပါ။ 

 ဓာတ်ပုံ- Paul Koudounaris

သမိုင်းဆိုင်ရာ အနုပညာရှင် ဓာတ်ပုံဆရာ Paul Koudounaris က ရိုက်ကူးမှတ်တမ်းတင်ပြီး သူ့ရဲ့ အသစ် ထွက်ရှိလာတဲ့ Heavenly Bodies: Cult Treasures and Spectacular Saints from the Catacombs စာအုပ်မှာ သူတော်စင်တွေလို့ သမုတ်ကြတဲ့ အရိုးစုတွေရဲ့ ဓာတ်ပုံတွေ ဖော်ပြထားပါတယ်။ 


အဲဒီ အရိုးစုတွေမှာ ကာလပေါက်ဈေးအရ အလွန် တန်ဘိုးကြီးတဲ့ ကျောက်မျက်ရတနာ၊ ရွှေ၊ ငွေ စတာတွေ ဆင်ယင်ပေး ထားကြပါတယ်။ 

ဓာတ်ပုံဆရာက ဥရောပတခွင်က ခရစ်ယန် ဘုရားကျောင်းတွေထဲက လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀၀ လောက်က ယခုထိ ရှိနေ တဲ့ အရိုးစုတွေကို မှတ်တမ်း တင်ခဲ့တာလို့ ဗြိတိန်အခြေစိုက် The Huffington Post သတင်း တပုဒ်က ဖော်ပြထားပါတယ်။ 


ကမ္ဘာပေါ်မှာ လျှို့ဝှက်ချက် များလွန်းတဲ့ ဘာသာတရား တချို့နဲ့ပတ်သက်တဲ့ အရိုးစု ဓာတ်ပုံတွေကို သူက ခက်ခက်ခဲခဲ နေရာ အနှံ့ Paul Koudounaris က လိုက်လံ မှတ်တမ်း ရိုက်ကူးခဲ့တာပါ။ 



 ဒီဓာတ်ပုံတွေနဲ့ ပတ်သက်ပြီး တချို့က အနုပညာ ဆန်တယ်လို့ ဆိုကြသလို ထူးဆန်းတယ်လို့ ပြော သူ တွေလည်း ရှိပါတယ်။ 


အိမ့်သံစဉ် ~ 



No comments:

Post a Comment