Pages

Monday, September 9, 2013

Miss World 2013 ပြိုင်ပွဲ နေရာ ပြောင်းရွှေ့ ကျင်းပ

ကမ္ဘာ့ အလှမယ် (Miss World 2013) ပြိုင်ပွဲကို စက်တင်ဘာလ ၈ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ   ဂျကာတာ မှာ ကျင်းပဖို့ စီစဉ်ထားတာ ကန့်ကွက်မှု တချို့ ရှိတာကြောင့် နေရာပြောင်းလိုက်ပါပြီ။ 

သဘောထားတင်းမာတဲ့ မွတ်စလင်အများအပြားက ကန့်ကွက်တာကြောင့် ဂျကာတာမြို့တော်မှာ ကျင်းပ မယ့်အစား ဘာလီကျွန်းကို ရွှေ့ပြောင်းလိုက်ရပါတယ်။


ဓာတ်ပုံ- foxnews

စက်တင်ဘာလ ၈ ရက်မှာ စတင် ကျင်းပတဲ့ Miss World ပြိုင်ပွဲကို ဘာလီးကျွန်းသို့ ပြောင်းရွှေ့ ကျင်းပတဲ့ အကြောင်းကို အင်ဒို အစိုးရ က စက်တင်ဘာလ ရ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့တာပါလို့ ဂျကာတာ သတင်း တခုမှာ ဖော်ပြထားပါတယ်။

ပြိုင်ပွဲမှာ ပါဝင် ယှဉ်ပြိုင် ကြမယ့် အလှမယ်လေးတွေရဲ့ ရေကူးဝတ်စုံ ၀တ်ဆင်ယှဉ်ပြိုင်မယ့် ကိစ္စကို ကန့်ကွက်ကြလို့ ရွှေ့ပြောင်းကျင်းပခဲ့ရတာလည်း ဖြစ်ပါတယ်တဲ့။ 


Miss World ကျင်းပမယ့်နေရာ ဘာလီကျွန်းဟာ ဟိန္ဒူဘာသာဝင်တွေ အများဆုံးနေထိုင်ရာနေရာလည်း  
ဖြစ်ပါတယ်။ 

အဲဒီနေရာဟာ ပင်လယ်ကမ်းခြေအများအပြား ရှိပြီး ဘီကီနီမြင်ကွင်းတွေကို ကျင့်သားရနေတယ်လို့ ဆိုနိုင်တဲ့ နေရာတခု ဖြစ်ပါတယ်။



အိမ့်သံစဉ်~


No comments:

Post a Comment