Pages

Wednesday, February 12, 2014

၈၈ မျိုးဆက်ရဲ့ ပြည်ထောင်စုနေ့သဝဏ်လွှာ


ဒီကနေ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ကျရောက်တဲ့ ၆၇ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို ၈၈ မျိုး ဆက်( ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း) က သဝဏ်လွှာပေးပို့ပါတယ်။ 


 သဝဏ်လွှာ အပြည့်အစုံကို ၈၈ ပွင့်လင်းရဲ့ စာမျက်နှာက ပြန်လည်ကူးယူဖော်ပြပေးလိုက်ပါတယ်။ 


( ၆၇)နှစ်မြောက်ပြည်ထောင်စုနေ့အခမ်းအနားသို့ ၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) မှ ပေးပို့သော သဝဏ်လွှာ  


စာအမှတ် ။ ။ ၂/၂၀၁၄ (၈၈) 
ရက်စွဲ ။ ။ ၂၀၁၄ ခုနှစ်၊ ဖေဖေါ်ဝါရီလ၊ ၁၂ ရက် ၁၃၇၅ခုနှစ်၊ တပို့တွဲလဆန်း ၁၃ ရက် 

ဤနေ့ ဤရက်သည်ကား နိုင်ငံတကာမိသားစုအလယ်တွင် “ပြည်ထောင်စုမြန်မာနိုင်ငံ” ဟူ၍ လွတ်လပ်
သော နိုင်ငံတစ်နိုင်ငံအဖြစ် ကြွေးကြော်နိုင်ရန် အထင်ကရ အရေးပါသော ပင်လုံစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့ သည့် (၆၇)နှစ်မြောက်နေ့ထူးနေ့မြတ်ကြီး ဖြစ်ပေသည်။ 

ပြည်ထောင်များကို စုစည်းပူးပေါင်း၍ “ပြည်ထောင်စုမြန်မာနိုင်ငံ” အဖြစ်ဖွဲ့စည်းတည်ထောင်ရန် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် တိုင်းရင်းသားခေါင်းဆောင်ကြီးများ၏ ကြိုးပမ်းဆွေးနွေးမှုရလဒ်လည်းဖြစ်သည်။ 

သို့သော် ဆွေးနွေးညှိနှိုင်းအဖြေရှာသည့် ယဉ်ကျေးမှု အားနည်းပျက်ပြယ်လာပြီး အင်အားသုံး ဖြေရှင်းမှု များကြောင့် ပြည်ထောင်စု၏ အနှစ်သာရများနှင့် ကင်းဝေးလာခဲ့ကြရခြင်း ဖြစ်သည်ဟု ယုံကြည်သည်။ 

ယနေ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကာလတွင် တိုင်းရင်းသား တန်းတူညီမျှရေးသည် အလေးအနက် ထား ဖြေရှင်းရမည့် ကိစ္စဖြစ်သည်။ 

ဒီမိုကရက်တစ် ဖယ်ဒရယ် ပြည်ထောင်စုပေါ် ပေါက် လာမှသာ ပြည်တွင်းစစ်ငြိမ်းချမ်းရေး ၊ ဖွံ့ဖြိုးတိုးတက်
ရေး တို့ကို ဆောင်ရွက်နိုင်မည်ဟု ယုံကြည်သည်။ 

ထို့ကြောင့် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးတွင် အရေး ပါသော ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ငန်းစဉ်၌ ဒီမိုကရေစီရေးအခြေခံမူများနှင့်အတူ တိုင်းရင်းသားတန်းတူညီမျှရေး အခြေခံမူများကိုပါ ထည့်သွင်းပြင်ဆင်နိုင်ရန် တိုင်းရင်းသားအင်အားစုအားလုံး၊ ဒီမိုကရေစီအင်အားစု အားလုံးနှင့် အတူ 
နိုင်ငံသားအားလုံး ပူးပေါင်းပါဝင်ကြရန် အလေးအနက် နှိုးဆော် တိုက်တွန်းလိုက်ရ ပေသည်။ 


၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) 







 





No comments:

Post a Comment