Pages

Wednesday, February 12, 2014

အံ့ဖွယ် တောင်တန်း


အခု မှတ်တမ်း ဗီဒီယိုက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၅ ရက်နေ့ကမှ ယူကျုပေါ် တင်လာတဲ့ ထူးဆန်းအံ့ဖွယ်တွေ နဲ့ စုဝေးနေတဲ့ တောင်တန်းတခုအကြောင်းပါ။ 




ကမ္ဘာမြေပြင်ပေါ်က ရှေးအကျဆုံးနေရာကို မှတ်တမ်းပြုစုသူတွေ သွားပြီး ပြုစုရိုက်ကူးထား တာဖြစ်ပါတယ်။ ကမ္ဘာပေါ်က အရှည်လျားဆုံးနဲ့ တကယ့်ကိုလူသူအရောက်အပေါက်နည်း တဲ့ တောင်ဗင်နီဇွဲလား 
နိုင်ငံတောင်းပိုင်း ဘရာဇီး နိုင်ငံ နယ်စပ်တလျှောက် တည်ရှိတဲ့ Guayana Massif တောတောင်တွေထဲ မှတ်တမ်း တင်ထားတာဖြစ်ပါတယ်။ 

စိမ်းလန်းတဲ့ ဒီကမ္ဘာကြီးရဲ့ အတွင်းပိုင်းတွေမှာ လူတွေ၊ တိရိစ္ဆာန်တွေဟာ သူတို့ရဲ့ တောတောင် သဘာဝ ပတ်ဝန်းကျင် တွေဟာ အချိန်နဲ့ အမျှ ဆုံးရှုံးမှုတွေ ရှိနေသလို အန္တရာယ်တွေလည်း အပြည့်ရှိနေတဲ့ နေရာတွေပါ။ 

တောသဘာဝ၊ တောအလှ၊ တောဓလေ့တွေဟာ တကယ့်ကို အံ့မခန်း စိတ်ဝင်စားဖို့ ကောင်းသလို လူသူအရောက် အပေါက်နည်းတဲ့ တောနေ ဋ္ဌာနေတိုင်းရင်းသားလူမျိုးစုတွေရဲ့ လူမှုဘဝတွေကိုလည်း ရိုက်ကူးပြသထားပါတယ်။

  



အိမ့်သံစဉ် ~






No comments:

Post a Comment