Pages

Sunday, February 23, 2014

ရီဟားနားရဲ့ မွေးနေ့ဝတ်စုံ ဘီကီနီ

~


 ~ 
နိုင်ငံခြားက ငွေကြယ်ပွင့်တွေက မြန်မာငွေကြယ်ပွင့်တို့ထက် ပိုပြီး ပွင့်လင်းကြပါတယ်။

အမေရိကန်  အဆိုတော် ရီဟားနားက သူ့မွေးနေ့ကို ထူးထူးခြားခြား ကျင်းပခဲ့တာပါ။ သူ့ရဲ့ ၂၆ နှစ် ပြည့်မွေးနေ့ လို့ ဆိုပါတယ်။

မြန်မာထုံးစံကတော့ အသက်ပြောလေ့ သိပ်မရှိပါဘူး။ သေမင်းကြားသွားမယ်တို့ ဘာတို့ကို ယုံကြည်လို့ မဟုတ်ကြပေမယ့် သက္ကရာဇ်လုံခြုံရေးက အတော်လေး တင်းကြပ်ထားသူ မနည်းပါဘူး။
ဆိုခဲ့သလိုပဲ ရီဟားနားကတော့ ပွင့်လင်းပါတယ်၊ ၂၆ နှစ် ရှိသွားပြီ ဆိုတာကို ပုံနဲ့တကွ ပြထားပါတယ်။ မွေးနေ့ကိတ်ပေါ်မှာ ၂၆ လို့ ရေးထားပါတယ်။

ပွင့်လင်းတယ် ဆိုတာကို ပိုပြီး  မြင်သာစေတဲ့အချက်ကတော့ ရေခဲပြင်မှာ ဘီကီနီနဲ့ ရှိုးထုတ်ပြခြင်း ဖြစ်ပါလိမ့်မယ်။

မိတ်ဆွေတချို့နဲ့အတူ သူ့မွေးနေ့ကို ကော်လိုရာဒိုပြည်နယ်မှာ သောကြာနေ့က ကျင်းပတယ်လို့ ဆိုပါတယ်။

နှင်းလျှောစီး၊ စားသောက် ပျော်ရွှင် ကျေနပ်နေတာတွေကို ရိုက်ကူးထားတဲ့ သူ့မွေးနေ့ပုံတွေကို ရိုက်ကူးပြီး အွန်လိုင်းမှာ  ဖောချင်းသောချင်း တင်ထားတာ တွေ့ရပါတယ်။

http://blog.irrawaddy.org/2012/05/rihana.html

http://blog.irrawaddy.org/2012/03/rihanna.html




.

No comments:

Post a Comment