Pages

Sunday, February 23, 2014

ဦးဝင်းတင် နဲ့ ဦးဝီရသူ တွေ့ဆုံခြင်း

~


မန္တလေးရောက်နေတဲ့ 
NLD  ဦးဝင်းတင်က မစိုးရိမ်တိုက်သစ်သွားပြီး  ဦးဝီရသူနဲ့ စနေနေ့က  တွေ့ဆုံပါတယ်။ဒီအကြောင်း  ဦးဝီရသူရဲ့ အွန်လိုင်းမှာ ရေးသားထားတာ တွေ့ရမှာပါ။
လေ့လာလိုသူများအတွက် မူရင်းအတိုင်း ကူးယူ ဖော်ပြလိုက်ပါတယ်။






 -
“NLD ပါတီ နာယကကြီး ဦးဝင်းတင် ဦးဝီရသူထံသို့ လာရောက် ဂါရဝပြု”
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
မန္တလေးမြို့သို့ရောက်ရှိနေသော NLD ပါတီနာယကကြီး ဦးဝင်းတင်သည် ဆရာတော်သံဃာတော်များအား သွားရောက်ဂါရဝပြုပူဇော်လျက်ရှိရာ ယနေ့ 22.2.2014 မွန်းလွဲ 2:30 နာရီတွင် မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းနာယက ဦးဝီရသူထံသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

သင်္ကန်းခြင်းဆက်ကပ်ပြီး ပြုပြင်စရာရှိသည်များကို ပွင့်ပွင့်လင်းလင်း ထောက်ပြဖို့ လျှောက်ထားသည်တွင် ဦးဝီရသူက “ပြည်သူတွေချစ်တဲ့သူကို သံဃာတွေက ချစ်ပြီးသား၊ ပြည်သူတွေ မချစ်တဲ့သူကို သံဃာတွေက မချစ်ကြဘူး။ ဒါပေမဲ့ ချစ်တဲ့သူကို အားကိုးလို့မရတဲ့အတွက် အားကိုးရတဲ့သူကိုပဲ ချစ်နေရတာပါ။ ချစ်တဲ့သူကို သာ အားကိုးလို့ရရင် ချစ်တဲ့သူကိုပဲ ရာနှုန်းပြည့် ပုံအပ်ကြမှာပါ။”

“ဒကာကြီးတို့ NLD လည်း ပြည်သူ့အတွက်ပဲ၊ ဦးဇင်းတို့သံဃာတွေလည်း ပြည်သူ့အတွက်ပဲ။ ဒီမိုကရေစီလည်း ပြည်သူ့အတွက်ပဲ။ အမျိုးစောင့်ဥပဒေလည်း ပြည်သူ့အတွက်ပဲ။ ပြည်သူ့အတွက်ချင်း အတူတူ ဘာလို့ သဘောမတူရမှာလဲ။”

“အမျိုးစောင့်ဥပဒေက NLD ကို ဘာထိခိုက်စေသလဲ…? ပါတီအရေးနှင့် ပြည်သူ့အရေးဆိုရင် ပြည်သူ့အရေး ကို ဦးစားပေးရမယ်လို့ NLD ပါတီမှာလည်း မူဝါဒချပြီးသားပဲ။”

“အမျိုးစောင့်ဥပဒေကိုသာ အဆိုပြုပေးမယ်ဆိုရင် အမေစုကို ရုပ်တုလုပ်ပြီး ကိုးကွယ်ရ ကိုးကွယ်ရ အတိအခင်း ကြေညာထားတာပဲ။”

“ချစ်ပြီးသားပါ။ အားကိုးချင်ပါတယ်။ အားကိုးပါရစေ” ဟု မိန့်ကြားရာ NLD ပါတီ နာယကကြီး ဦးဝင်းတင်က တစ်ခြား လျှောက်ထားစရာများ လျှောက်ထားရင် “ဦးဇင်းမှာတာတွေ ဒေါ်အောင်ဆန်းစုကြည်ကို ပြောပြ ပေးပါ့မယ်” ဟု လျှောက်ထားကြောင်း သိရပါသည်။

ဦးဝီရသူ ဟောကြားသော အမေစုဂုဏ်ပြု “ပတ္တမြားလို နှလုံးသား” အပါအဝင် နိုင်ငံရေးတရားတော်များနှင့်၊ ဦးဝီရသူ ထောင်ထဲမှာ ရေးသားပေးပို့သော အမေစုထံ အိတ်ဖွင့်ပေးစာ နှလုံးသားကို သဖန်းပင်ပေါ်မှာ ထားခဲ့သူ စာအုပ်များကို ဦးတင်ဦး၊ ဦးဝင်းတင်၊ ဒေါ်အောင်ဆန်းစုကြည်တို့အတွက် လက်ဆောင်အဖြစ် ပေးအပ်ခဲ့ကြောင်း သိရသည်။
ဘဘဦးဝင်းတင် ကျန်းမာပါစေ။
အမေစု ပြည်သူအားကိုးထိုက်သူဖြစ်ပါစေ။


.

2 comments:

  1. REV. U Warathu,
    Please take a middle path as advised by Buddha.

    ReplyDelete
  2. Ayeyarwaddy,
    are you censoring my comment ? Are you like Information ministry?

    ReplyDelete