Pages

Monday, February 17, 2014

သတင်းသမားတွေကို အထူး သင်တန်းပေးမယ်

~



Talents & Models (အေဂျင်စီ)က စာနယ်ဇင်းသမားတွေကို အထူး သင်တန်းပေးမယ် လို့ ဒီကနေ့ထုတ် မြန်မာ့အလင်းသတင်းစာ ကြော်ငြာတခုမှာ တွေ့ရပါတယ်။
တင်မိုးလွင်ရဲ့အေဂျင်စီလို့ ယူဆရပါတယ်။  
 - 



မော်ဒယ်လ် တင်မိုးလွင် (ဓာတ်ပုံ – စိုင်းဇော်/ ဧရာဝတီ)
ကိုယ်ရည်ကိုယ်သွေး တိုးမြင့်မှုသင်တန်း၊
လူငယ်သတင်းသမားများအတွက် အထူးသင်တန်း၊
ကိုယ်ရည်ကိုယ်သွေး တောက်ပမှုသင်တန်း

အမျိုးသမီးက အရပ်အမြင့် အနည်းဆုံး ၅ ပေ ၈ ရှိရပါမယ်။
အမျိုးသားကတော့ အနည်းဆုံး ၆ ပေ မြင့်ရပါမယ်။

မကြာသေးခင်က ဧရာဝတီသတင်းဌာနနဲ့တွေ့ဆုံမေးမြန်းရာမှာ တင်မိုးလွင်က ဒီလို သင်တန်းပေးလိုကြောင်း ပြောခဲ့ဖူးပါတယ်။

"သတင်းရင်းမြစ်တွေဆီ ဝင်ထွက်သွားလာတဲ့ အခါမှာ မီဒီယာ ပညာရှင်တယောက် အနေနဲ့ ဂုဏ်တင့်တယ်စေဖို့ မမိုးက အားဖြည့်သွားမယ့် သင်တန်းလေးတခုကို လုပ်ပေးချင်တာပါ"

အခု သတင်းစာကြော်ငြာထဲက သင်တန်းဟာ သူပေးမယ့်သင်တန်းဖြစ်မယ် ဆိုရင်တော့ သူ့စိတ်ကူးကို အမှန်တကယ် အကောင်အထည် ဖော်နေပြီလို့ ဆိုရပါမယ်။

ကြော်ငြာထဲ ဖော်ပြထားချက်အရ သင်တန်းအစပြုမယ့်ရက်က ရှေ့လ ၂၂ ရက်နေ့ ဖြစ်ပါတယ်။
တရက်တည်းပြီးမယ့်သင်တန်းလို့ ယူဆရပါတယ်။

သတင်းသမားတွေထဲမှာ ဒီသင်တန်းတက်ဖို့ မလိုအပ်တဲ့သူ အများအပြားရှိသလို တက်ဖို့ လိုအပ်သူလည်း မနည်းဘူးလို့ ဆိုနိုင်ပါတယ်။

သံဃာတွေလုပ်တဲ့ သတင်းစာရှင်းလင်းပွဲကို အင်္ကျီပါးပါးနဲ့သွားရောက်တဲ့ အမျိုးသမီးသတင်းသမား၊ ပါမောက္ခဒေါ်မြင့်မြင့်ခင်ကို နောက်ကနေ ပခုံးပုတ်ပြီး အင်တာဗျူးရက်ချိန်းတောင်းတဲ့ သတင်းသမား စသဖြင့် စသဖြင့် ဒီကနေ့ ရန်ကုန်က သတင်းသမားတွေကြားထဲမှာ အနည်းအကျဉ်း ရှိနေပါတယ်။ 

အယ်ဒီတာများကလည်း အပြုအမူပိုင်း၊ ကိုယ်ရည်ကိုယ်သွေးပိုင်းမှာ သင်ကြားပြသမှု အားနည်းပါလိမ့်မယ်။

ဒီလိုအခြေအနေမှာ   ဒီလိုသင်တန်းမျိုးကို ကြိုဆိုရမှာဖြစ်ပါတယ်။


  • ဆက်စပ်အင်တာဗျူး

အမျိုးသမီးစာနယ်ဇင်းသမားတွေကို သင်တန်းပေးမယ် 
http://blog.irrawaddy.org/2014/02/blog-post_9710.html





.

No comments:

Post a Comment