~
တနင်္ဂနွေမနက် ၁ နာရီကျော်ကျော်လောက်က ရန်ကုန်မြို့ ပြည်လမ်း ၇ မိုင် ကားမှတ်တိုင်နားမှာ သောင်းကျန်းသွားတဲ့ ပြိုင်ကား ၅ စီးနဲ့ ဆယ်ကျော်သက်တွေကို ဖမ်းမိဖို့ ရဲတွေက စုံစမ်းနေကြောင်း ဒီကနေ့ထုတ် သတင်းစာများမှာ ရေးထားပါတယ်။
-
(အွန်လိုင်းမှာ တွေ့ရတဲ့ ရဲကားတစီး)
သူတို့က အငှားယာဉ်တစီးကို ပိတ်ဆို့ပြီး ဘေ့စ်ဘောရိုက်တဲ့တုတ်တွေနဲ့ ဝိုင်းရိုက်ကြတယ်၊ ယာဉ်မောင်းနဲ့ခရီးသည် ဒဏ်ရာပြင်းထန်လို့ ရန်ကုန်ဆေးရုံကြီးမှာ ကုသမှုခံယူနေရတယ်၊ အငှားယာဉ်လည်းပျက်စီးမှုများပြားတယ်လို့ ဆိုတယ်။
ဒဏ်ရာရတဲ့ယာဉ်မောင်းက လှိုင်မြို့နယ်ရဲစခန်းမှာ တိုင်ချက်ဖွင့်ထားတယ်လို့ သတင်းတွေမှာ ရေးထားပါတယ်။
ဒီလို သောင်းကျန်းသွားတယ် ဆိုတဲ့ ပြိုင်ကားမောင်းသူတွေကို ဖမ်းမိဖို့က လွယ်ပါ့မလား။ သူတို့ရဲ့ကားနံပါတ်တွေကို မမှတ်မိဘူးလို့ သတင်းတွေထဲ ရေးထားတာပါ။
ရဲတွေက ဒီလိုဖြစ်ရပ်တွေအတွက် အားကိုးရပါ့မလား။
ပြိုင်ကားတွေ ပါဝင်ပတ်သက်တဲ့ အမှုအခင်းတွေအတွက် ရန်ကုန် ယာဉ်ထိန်းရဲကလည်း
ပြိုင်ကား သုံးပြီ ဆိုတဲ့အကြောင်း ဒီဘလော့ http://blog.irrawaddy.org/2013/05/nissa-fair-lady.html မှာ ဖော်ပြခဲ့ပြီးပါပြီ။ ဒီပြိုင်ကားကပဲ မြန်နှုန်းနိမ့်သလား၊ ကားအရေအတွက် မလုံလောက်ဘူးလား၊ ပြိုင်ကားမောင်းမယ့်ရဲ မရှိလို့လားတော့ မသိပါ၊ နောက်ဆက်တွဲသတင်း တက်လာတာတော့ မတွေ့ရပါ။
ဒီလိုအခြေအနေမှာ မေးခွန်းတချို့ ရှိနေပါပြီ ...
- ညဘက် ညဘက် ပြိုင်ကားတွေရဲ့ ပွက်ပွက်ညံတဲ့အသံကို ပြည်လမ်း၊ ကမ္ဘာအေးဘုရားလမ်းဝန်းကျင်က ဒေသခံတွေ သည်းခံနိုင်မှုအတိုင်းအတာ ကျော်သွားပြီဆိုရင် သွေးထွက်သံယိုမှုကြီးမားတဲ့ပဋိပက္ခတွေ ဖြစ်လာနိုင်မလား။
- ပြိုင်ကားတွေရဲ့ လမ်းစည်းကမ်းဥပဒေချိုးဖောက်မှုတွေကို ရဲတွေက ဒီအတိုင်း လွှတ်ထားဦးမှာလား။
ဒါကတော့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့ကို မေးသင့်တဲ့ မေးခွန်းများထဲကတချို့ ဖြစ်ပါတယ်။
.

+(C9z+(Custom+)+(Custom)+(Custom).jpg)
that is mmr original sprit.they can fight one by one they dare.
ReplyDeleteဖမ်းချင်ရင်အလွယ်လေးပါ။မြန်မာနိုင်ငံရဲတပ်ဖွဲ့က အထက်ကအဘအမိန့်ဆိုလိုက်တာနဲ့ဒုံး
ReplyDeleteပျံစီးပြီးပြေးတာတောင်မိအောင်ဖမ်းနိုင်တယ်မယုံရင်အဘကလူသိရှင်ကြားအမိန့်ပေးကြည့်
လိုက်ပါလား။
ပြည်လမ်းလိုအဓိကကြတဲ့လမ်းမှာတောင်မှဒီလိုမျိုးဖြစ်နေရင်.ဒါရန်ကုန်တိုင်းယာဉ်ထိန်းတပ်ဖွဲ့ရဲ့ညံ့ဖြင်းမူ့ဟုဆိုရပါလိမ့်မည်..ယာဉ်ထိန်းတပ်ဖွဲ့တွင်အင်အားနဲလို့ဟုဆိုရင်လဲပြည်လမ်းလိုနေရာမျိုးတော့လုံခြုံမူ့ရှိသင့်သည်၊ပြိုင်ကားလိုပြိုင်မောင်းနေသောကားမျိုးအရက်မူးပြီးမောင်းနေသောကားမျိုးကြောင့်လမ်းမဘေးတွင်ခြေလျင်လမ်းလျောက်နေသူများ၊ကားဖြင့်ခရီးသွားပြည်သူများအသက်အနွရယ်ပေးနိုင်သောမဆင်မခြင်ယာဉ်မောင်းသူများကိုလိုက်ဖမ်းရာတွင်လက်ကြီးဗလာလိုက်ဖမ်းခြင်းထက်အနဲဆုံးသေနတ်တစ်လက်တော့ရှိသင့်သည်။ခုတစ်လောရဲတပ်ဖွဲ့ဝင်များအရိုက်ခံရမူ့နေရာတိုင်းကြားနေရသည်။ပြည်သူတွေကိုကာကွယ်စောင့်ရှောက်ရမည့်သူကိုတိုင်မလုံခြုံဖြစ်နေရင်ပြည်သူတွေဘ၀ပိုဆိုးလိမ့်မည်၊ဒီမိုကရေစီသမားတွေအဖေခေါ်နသောအင်္ဂလန်၊အမေရိကန်နိုင်ငံတို့သည် ပင်လျင်ယာဉ်ထိန်း၊ရိုးရိုးရဲတပ်ဖွဲ့တို့သည်ပင်ရဇ၀တ်သားကသူတို့အားခုခံ၊တုန့်ပြန်မူ့သည်သူတို့သတ်မှတ်ထားသောအတိုင်းတာကျော်လွန်ရင်သေနတ်ဖြင့်ပစ်ခတ်ဖြေရှင်းသည်။ခုမြန်မာ
ReplyDeleteပြည်တွင်ပေါပေါများများနဲ့အများဆုံးတွေ့ရသည်မှာရာဇ၀တ်မူ့ခင်းများနှင့်ဆနပြပွဲများဖြစ်သည်။