Pages

Tuesday, February 18, 2014

ကိုယ့်လေယာဉ် ကိုယ်အပိုင်စီးတဲ့ လေယာဉ်မှူး

အခု ကမ္ဘာကျော်သတင်းတခုကတော့ အီသီယိုပီယား အဲလိုင်းတခုက တွဲဖက်လေယာဉ်မှူးဟာ သူ့
လေယာဉ် သူ ပြန်အပိုင်စီးခဲ့ပြီး ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာ လေဆိပ်ကို  မနေ့ကဆင်းသက်၊ အဖမ်းခံခဲ့တဲ့သတင်းပါဘဲ။ 



အီသီယိုပီးယား မြို့တော် အက်ဘာဘာလေဆိပ်ကနေ အီတလီနိုင်ငံ ရောမမြို့ကို ဦးတည်ပျံသန်းလာပြီး ခရီးသည် ၂ဝ၂ ဦးတင်ဆောင်ထားတဲ့ ဘိုရင်း ၇၆၇ အမျိုးအစား လေယာဉ်ကို လေယာဉ်မှူးက အိမ်သာ သွားတက်နေစဉ်မှာ  တွဲဖက် လေယာဉ်မှူးက ထိမ်းချုပ်လိုက်တာပါ။ 

တွဲဖက်လေယာဉ်မှူးကတော့ လေယာဉ်ခေါင်းခန်းကနေ ကြိုးနဲ့ တွယ်ဆင်းခဲ့ပြီး သူဟာ တချိန်က ပင်လယ် ဓားပြလုပ်ခဲ့လို့ သူ့နိုင်ငံမှာ အဖမ်းခံရမှာစိုးရိမ်တာကြောင့် အခုလို လုပ်တာဖြစ်ပြီး ဆွစ်ဇာလန် ရဲလက်မှာ အဖမ်းခံခဲ့ကာ ဆွစ်ဇာလန်နိုင်ငံမှာ ခိုလှုံခွင့် တောင်းခံခဲ့ပါတယ်။ 

လေယာဉ်စီးခရီးသည်တွေတော့ တစုံတယောက်မှ ထိခိုက်ဒဏ်ရာရတာမျိုး မရှိဘူးလို့ သတင်းတွေက ဆိုပါတယ်။ 

ရဲကတော့ လေယာဉ်အပိုင်စီတဲ့ တွဲဖက်လေယာဉ်မှူးကို ဖမ်းလိုက်ပြီး စုံစမ်းစစ်ဆေး အပြစ်ပေးအရေးယူသွားမှာဖြစ်တယ်လို့ အာဏာပိုင်တွေက ဆိုထားပါတယ်။ အခုလို လေယာဉ်အပိုင်စီးမှုမျိုး ကျူးလွန်ရင် ဆွစ်ဇာလန် ဥပဒေအရ ထောင်ဒဏ် အနည်းဆုံး အနှစ် ၂ဝ လောက် ကျနိုင်တယ်လို့ သတင်းတွေက ဆိုထား ပါတယ်။





အိမ့်သံစဉ် ~ 












No comments:

Post a Comment