Pages

Thursday, April 24, 2014

ခရစ်တော် ပြန်လည် ရှင်ပြန်ထမြောက် လာခဲ့သော် ...

~


 
ဒီကာတွန်းက ပြီးခဲ့တဲ့ရက်ပိုင်း ခရစ်ယာန်တို့ရဲ့ အီစတာပွဲတော်ကာလမှာ ပေါ်ထွက်ခဲ့တာပါ။
ဧရာဝတီ ဘလော့ http://blog.irrawaddy.org/ မှာလည်း ကာတွန်းပုံသက်သက် ကူးယူ ဖော်ပြခဲ့ပါတယ်။
နိဒါန်း ဆက်ပျိုးရရင်... ယေရှုသတ်ဖြတ်ခံရပြီး သုံးရက်အကြာမှာ ပြန်လည် ရှင်သန်ထမြောက်လာတယ်လို့ ကျမ်းစာမှာ ဆိုထားပါတယ်။

ခရစ်ယာန်ဘာသာဝင်တွေက နိုင်ငံအများအပြားမှာ ရှိကြတဲ့အတွက် အဲဒီယုံကြည်ချက် ယူဆချက်ကလည်း အများသိ ဖြစ်နေတာပါ။

ဒီအချက်ကို ယူပြီး ဒီကာတွန်း ပေါ်ပေါက်လာတာပါ။
ကာတွန်းတွေက ခေတ်ကို ထင်ဟပ်တယ် ဆိုတဲ့အတိုင်း ဒီကာတွန်းကလည်း လက်ရှိအခြေအနေကို ညွှန်ပြနေပါတော့တယ်။

ဂျာမန်လို ရေးသားကြတဲ့ ဖေ့စ်ဘုတ်တနေရာမှာတော့ ဒီကာတွန်းကို ရှယ်ထားတဲ့အရေအတွက် တသောင်းကျော်နေတာ တွေ့ရပါတယ်။
ဆွေးနွေးရေးသားထားတာတွေကလည်း ဂျာမန်လိုချည်းပါပဲ။ ဆိုတော့ ... ဒါ ဂျာမန်ကာတွန်းလက်ရာများလားလို့ တွေးမိပါတယ်။

ဒီကာတွန်း ဖေ့စ်ဘုတ်တနေရာကို ရောက်လာတော့ တုန့်ပြန်မှု ရာဂဏန်း ရှိပေမယ့် ကြမ်းကြမ်းရိုင်းရိုင်း ရေးထားတာတော့ မရှိပါဘူးလို့ဆိုရမယ်။
ကြမ်းရင် ဘန်းခံရမှာကြောက်လို့လား၊ ဥပဒေစိုးမိုးရေးက အွန်လိုင်းထဲအထိ ရှိနေလို့လား၊ သိမ်မွေ့နှုန်းမြင့်လို့လား?
ဘာကြောင့်လဲ ဆိုတာတော့ မသိပါ။ ဂျာမန်တွေနဲ့ နီးစပ်သူတွေတော့ ဖြေနိုင်ပါလိမ့်မယ်။

မှတ်ချက်တွေအများကြီးထဲက တချို့ကို ကောက်နုတ်ပြရရင်...

၁။ ဖန်တီးမှု အားကောင်းတယ်။

၂။ ရှင်ပြန် ထမြောက်လာတယ်။ စမတ်ဖုန်းနဲ့ မှတ်တမ်းတင်တယ်၊ ဒီတော့ ... facebook ထဲ ရောက်လာတယ်။

၃။ နောက်ခံအလင်း အင်မတန် များလွန်းတာကြောင့် အဲဒီနေရာကနေ ဓာတ်ပုံရိုက်ကြရင် အလုပ်ဖြစ်မယ်မဟုတ်ဘူး။

၎။ တကယ်တမ်း ရှင်ပြန်ထမြောက်တယ် ဆိုရင်တော့ ဒီနေ့အခြေအနေမှာ ဒီလိုပဲ ဖြစ်နေပါလိမ့်မယ်။

၅။ ပုံက ရယ်ဖို့ ကောင်းပါတယ်၊ သို့သော်လည်း သူတို့လက်အုပ်ချီထားမယ်၊ စိတ်ပုတီးကိုင်ထားမယ်ဆို ပိုကောင်းတာပေါ့လို့ တယောက်က မှတ်ချက်ပြုပါတယ်။

၆။ ဒီပုံမှာ အဓိကျတဲ့ပစ္စည်းက တယ်လီဖုန်းပါပဲ။

ဒါက ဖေ့စ်ဘုတ်တနေရာမှာ တွေ့တာပါ။ နိုင်ငံပေါင်းစုံက ဖေ့စ်ဘုတ်ပရိသတ်ကလည်း ဒီကာတွန်းကို သူတို့ကွန်ရက်နဲ့သူတို့ ရှယ်ကြပါလိမ့်မယ်။

ကဲ... စိတ်ကူးကောင်းကောင်းနဲ့ ဆွဲထားတဲ့ ကာတွန်းအကြောင်းလေးကတော့ ဒီလောက်ပါပဲ။

ရွှင်လန်းချမ်းမြေ့ကြပါစေ။



.

No comments:

Post a Comment