Pages

Thursday, April 24, 2014

ကိုယ့်ကိုယ်ကိုယ် နေအိမ်အကျယ်ချုပ်ချတဲ့ ဦးခင်ညွန့်

~




ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်  အိမ်တွင်းပုန်းနေတယ်လို့ သိရပါတယ်။

ဦးဝင်းတင် ကွယ်လွန်ခြင်းနဲ့ ပတ်သက်ပြီး သူ ဘယ်လိုပြောမလဲ ဆိုတာကို သိရဖို့ သတင်းသမား တချို့က သူ့အိမ်ကို သွားကြတာပါ။

သူ အိမ်ထဲက ထွက်မလာတော့ သူ့ကော်ဖီဆိုင်ထဲ ထိုင်စောင့်သူစောင့်။ သူ့ပန်းချီပြခန်းထဲဝင်ငေးသူ ငေးကြ။

စုံစမ်းကြည့်တော့ ဦးခင်ညွန့် အပြင်ဘက်မထွက်၊ အိမ်ပေါ်ကနေ အိမ်အောက်မဆင်းတာ သုံးရက်လောက်တော့ ရှိပြီ တဲ့။

အင်း.... ကျန်းမာရေးမကောင်းလို့ အပြင်မထွက်တာ ဖြစ်နိုင်သလို - ဦးဝင်းတင်နာရေးနဲ့ ပတ်သက်ပြီး သူ့ဆီ လာမေးတာတွေကို ရင်မဆိုင်ချင်လို့ အိမ်ထဲမှာပဲနေတာလည်း ဖြစ်နိုင်ပေတာပဲ။

သမ္မတကြီးရဲ့ ပြောရဲဆိုရဲရှိသူ ဦးရဲထွဋ်တောင် ဦးဝင်းတင် နာရေးနဲ့ ပတ်သက်ပြီး တစုံတခု ပြောသေးတာပဲ၊ သူက ဘာများ အိမ်ထဲမှာ နေနေရသလဲ ဆိုတဲ့ မေးခွန်း ထွက်လာပါတယ်။

ဦးရဲထွဋ် ပြောဆိုတာတွေကို ဒီဘလော့မှာ ဖော်ပြခဲ့ပြီးပါပြီ။  http://blog.irrawaddy.org/2014/04/blog-post_5366.html မှာ ကြည့်ပါ။ အင်း...  ဦးရဲထွဋ်ကြီးက ပြောရဲဆိုရဲရှိသူ ဆိုတော့ ပြောရဲဆိုရဲပေမပေါ့လို့ ဖြေရမယ် ထင်ပါတယ်။

ဒါကတော့ ဦးခင်ညွန့်  ကိုယ့်ကိုယ်ကိုယ် နေအိမ်အကျယ်ချုပ်ချနေသလား ဆိုတဲ့ အယူအဆအကြောင်း ရေးထားတာပါ။
အပိုင်း ၁ ဆိုပါစို့။

မနက်ဖြန် အပိုင်း ၂ ကို ဒီဘလော့မှာ ဆက်လက် ရေးသားပါဦးမယ်။
ဖြစ်နိုင်ချေတွေ၊ အကြံပြုချက်တွေ ထည့်သွင်း ရေးသား ဖြစ်မယ် ထင်ပါတယ်။



.

5 comments:

  1. ဦးခင်ညွန့်လည်းဗုဒ္ဓဘာသာကိုးကွယ်သူတစ်ယောက်ဖြစ်လို့ကံကံ၏အကျိုးကိုနားလည်ထားရမှာပါကိုယ်ပြုခဲ့တဲ့ကုသိုလ်နဲ့အကုသိုလ်အကျိုးတွေကိုရှောင်လွှဲလို့မရပါဘူးကိုယ့်အနောက်ကတစ်ကောက်ကောက်ပါနေမှာပါကြောက်စရာအကောင်းဆုံးကတော့ဘုရားနဲ့ရဟန္တာတွေတောင်ရှောင်လွှဲမရတဲ့ဝဋ်လိုက်ခြင်းပါပဲ

    ReplyDelete
  2. ဦးဝင်းတင် ဆုံးသွားလို့ ဝမ်းနည်းတဲ့အနေနဲ့ အပြင်မထွက်တာနေမှာပေါ့

    ReplyDelete
  3. ဦးရဲထွဋ် သောက်ခွက်ပြောင်တာတော့ပြောမနေနဲ့ အရင်ကလဲ ခဏခဏ အရှက်မရှိပြောထားတာတွေ မနည်းမနောဗျာ ရှက်တတ်ရင်လဲသေလို့ရတယ်

    ReplyDelete
  4. ဦးခင်​ညွန့်​နဲ့သူ့ဘက်​​တော်​သား​တွေ နှိပ်​စက်​ခဲ့လို့ ၉၀ ​လောက်​​နေရမှာ မ​နေရ​တော့ဘူးလို့စဉ်​စားမိသလို သူတို့နှိပ်​စက်​ခဲ့တာာကို ကြံ့ကြံ့ခံခဲ့လို့ စိတ်​​ကောလူ​ကောမာ​ကြောပြီး ဒီအသက်​အရွယ်​ထိ​နေခဲ့ရတယ်​လို့လည်းစဉ်းစားမိပြန်​တယ်​။ သူရဲ​ကောင်းရဲ့ ​ဆွေမျိုးအရင်းချာ​တွေဟာ သူရဲ​ကောင်းမရှိ​တော့တဲ့အချိန်​မှာ ခံစားခွင့်​​ကောင်း​ကောင်းရသင့်​တယ်​။ ဘာ​ကြောင့်​လဲဆို​တော့ သူတို့လည်း သူရဲ​ကောင်းကို ပံ့ပိုး​ပေးခဲ့ကြလို့ပါပဲ

    ReplyDelete
  5. ကိုယ့်ကိုယ်ကို သေဒဏ်ပေးသင့်တဲ့ လူပါ

    ReplyDelete