Pages

Tuesday, April 29, 2014

မိကျောင်းကန်အတွက် ဆူးလေမှာ ထပ်မံ ဆန္ဒပြ

~


ရန်ကုန်မြို့ မိကျောင်းကန်ဒေသခံတွေဟာ ၁၉၉၁ ခုနှစ် ကတည်းက  စစ်တပ် သိမ်းထားတဲ့ မြေတွေ ပြန်ပေးဖို့ ဒီညနေပိုင်း ဆူးလေဘုရားအနီးမှာ ဆန္ဒပြပါတယ်။

 


မိကျောင်းကန်မှာ သူတို့ဘိုးဘွားများနေထိုင်ခဲ့ကြတာဖြစ်တယ်၊ သူတို့ဘိုးဘွားများ နေထိုင်ခဲ့တဲ့နေရာကို နယ်လှည့်ခေတ္တတပ်မ ၂၂ က မြေသိမ်းဥပဒေနဲ့ မညီဘဲ သိမ်းထားတာဖြစ်တယ်လို့ သူတို့က ပြောပါတယ်။

လက်ရှိ ဒီမိုကရေစီအစိုးရအဖွဲ့က "နိုင်ငံတော်ဂုဏ်သိက္ခာနှင့်အညီ အမြန် စီစစ် ဆောင်ရွက်ပြီး အပ်နှံပေးပါ" လို့ ဆန္ဒပြသူတွေက တောင်းဆိုကြပါတယ်။

ရန်ကုန်တိုင်း ဒေသကြီး  သင်္ဃန်းကျွန်း မြို့နယ် မိကျောင်းကန် မြေသိမ်းမှုနဲ့ ပတ်သက်လို့  အာဏာပိုင်တို့နဲ့ ဆွေးနွေး ညှိနှိုင်းတာတွေ အရင်က ရှိခဲ့ဖူးပါတယ်။
သို့သော်လည်း  တရား မျှတစွာ ဆောင်ရွက်ပေးမယ် ဆိုတဲ့ ကတိစကားတော့ ရခဲ့တယ်၊ ဘယ်တော့ ဘယ်လို ဆောင်ရွက်ပေးပြီး ဘယ်လို ဖြစ်စေရမယ် စသဖြင့်   တိကျသော အဖြေ မရခဲ့ဘူးလို့  ဆန္ဒပြသူတဦးဖြစ်တဲ့ ဦးစိန်သန်းက ပြောပါတယ်။

 မိကျောင်းကန် ဒေသခံတွေဟာ သူတို့မြေပြန်ရရေးတောင်းဆိုချက်ကို အာဏာပိုင်တို့ လိုက်လျောအောင်၊ အများသိအောင် ဆန္ဒပြတာကို ၈ ကြိမ်ထက်မနည်း၊ သပိတ်စခန်းဖွင့်တာကို ၃ ကြိမ်ထက်မနည်း လုပ်ခဲ့ကြသူတွေပါ။

အခု ဆန္ဒပြတဲ့ ဆူးလေဘုရားအနီး မတ်လကုန်ပိုင်း သူတို့ ဖွင့်ခဲ့တဲ့ သပိတ်စခန်းကို  အာဏာပိုင်တို့ ဖယ်ရှားရာမှာ စခန်းထဲက ဆန္ဒပြသူ အများအပြား ဒဏ်ရာရကြတယ်လို့ သိရပါတယ်။



.

No comments:

Post a Comment