Pages

Tuesday, April 29, 2014

ပြည်တွင်းစစ်ကြာရှည်ရခြင်းအကြောင်း KNU နဲ့ UWSA ရဲ့ သုံးသပ်ချက်

~


မြန်မာပြည်မှာ ပြည်တွင်းစစ် ကြာရှည်နေရခြင်းအကြောင်းရင်းက...  လူမျိုးရေးခွဲခြားမှု နဲ့ နိုင်ငံရေး တန်းတူညီမျှမှု မရှိခြင်းကြောင့်ဖြစ်တယ်လို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကြီးနှစ်ခု ဖြစ်တဲ့ KNU - UWSA တို့ စနေနေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

   

  .
ဆွေးနွေးပွဲ ကျင်းပရာ UWSA ပန်ဆန်းမြို့ ( ဓာတ်ပုံ - ဧရာဝတီ http://burma.irrawaddy.org )

ငြိမ်းချမ်းရေး တည်ဆောက်ရာမှာ "တိုင်းရင်းသားလူမျိုးများပြဿနာကို ပြေလည်အောင် ဖြေရှင်းခြင်းသည် အဓိကသော့ချက်ဖြစ်သည်ဟု သဘောတူညီကြပါသည်" ဆိုပြီး ကြေညာချက်မှာ ရေးထားပါတယ်။

"အခြေခံဥပဒေနှင့် ပတ်သက်၍ နိုင်ငံရေးဆွေးနွေးပွဲများတွင် လိုအပ်သည့် အချက် အလက်များကို ပြုပြင် ပြောင်းလဲ ပြင်ဆင် ဖြည့်စွက်ရမည်ကို တွေ့ရှိ သဘောတူညီကြပါသည်" လို့လည်း ကြေညာချက်မှာ ရေးပါတယ်။

KNU ထိပ်သီးခေါင်းဆောင်တွေက UWSA ဌာနချုပ်ကို သွားရောက် ဆွေးနွေးအပြီး ပူးတွဲ ထုတ်ပြန်တဲ့ ကြေညာချက်လို့ ဆိုပါတယ်။

အသေးစိတ် လေ့လာလိုသူတွေအတွက် ကြေညာချက်ကို ကူးယူ ဖော်ပြလိုက်ပါတယ်။






.

No comments:

Post a Comment