Pages

Saturday, May 17, 2014

နှစ်ဆယ်နဲ့ဝယ်ထားတဲ့ ထိုင်ခုံဟောင်းထဲက ဒေါ်လာလေးသောင်းတွေ့

 ~


 
 
 .
နယူးယောက်က တက္ကသိုလ်ကျောင်းသားသုံးယောက်က ဝယ်ထားတဲ့ ဆိုဖာထိုင်ခုံအဟောင်းကြီးထဲကနေ
ဒေါ်လာ လေးသောင်း တွေ့လိုက်ရတဲ့ သတင်းက အမေရိကန်မှာ လူဖတ်များတဲ့သတင်းတပုဒ် ဖြစ်နေပါတယ်။

သူတို့က ဒီထိုင်ခုံကို ဒေါ်လာနှစ်ဆယ်နဲ့ ဝယ်ထားတာလို့ ဆိုတယ်။

သူတို့က State University of New York ကျောင်းကပါ။
ဒီပိုက်ဆံတွေ သူတို့ ဘာလုပ်ရမလဲ တိုင်ပင်တော့ ပိုင်ရှင်ကို ပြန်ပေးဖို့ သဘောတူ ဆုံးဖြတ်လိုက်ပါတယ် တဲ့။ ဒီသတင်းက စိတ်ဝင်စားစရာကောင်းတဲ့အတွက် ဧရာဝတီဘလော့ http://blog.irrawaddy.org ပရိသတ်ကို ပြန်ဖောက်သည်ချရရင် ... ဒီခုံကို လွန်ခဲ့တဲ့ ၂ လက Salvation Army လို့ ခေါ်တဲ့ ချို့တဲ့သူတွေကို ကူညီတဲ့ ခရစ်ယာန်ဘုရားကျောင်းတခုကနေ  ဝယ်ခဲ့တာပါ။
ငွေတွေကို တွေ့တာကတော့ နယူးယောက်သား  Reese Werkhoven ဆိုတဲ့ ကောင်လေးက  တွေ့တာပါ။ (အပေါ်ကပုံက သူ့ပုံပါ။)
ပိုက်ဆံနည်းနည်း တွေ့တော့ သူတို့ ဆက်ပြီး ရှာရာမှာ စာအိတ်နဲ့ထုပ်ထားတဲ့ငွေတွေကို ထပ်တွေ့တယ်လို့ ဆိုတယ်။

စာအိတ်တခုမှာ ရေးထားတဲ့ နာမည်ကို ဖုန်းစာအုပ်မှာရှာပြီး တယ်လီဖုန်းဆက်ရာကနေ မူလပိုင်ရှင်နဲ့ အဆက်အသွယ် ရပါတယ်။

နောက်တနေ့မှာ ပိုင်ရှင်ကို ငွေပြန်အပ်တော့ သူတို့ကို ဒေါ်လာ တထောင် ဆုပြန်ချတယ်လို့ သတင်းတွေမှာ ရေးပါတယ်။

ဒီပိုက်ဆံတွေက ဘယ်လို ဘယ်လို ခုံထဲရောက်ပြီး ကျောင်းသားတွေဆီ ရောက်သွားတာလဲ?

ဒီအမျိုးသမီးက သူ့ခင်ပွန်းသည် မသိအောင် ပိုက်ဆံကို စာအိတ်ထဲထည့်ပြီး ဆိုဖာထိုင်ခုံထဲ ဖွက်ခဲ့တယ်၊
ခင်ပွန်းသည်ကွယ်လွန်ပြီးနောက်မှာလည်း ပိုက်ဆံကို ဒီနည်းနဲ့ သိမ်းခဲ့ပါတယ် တဲ့။

နောက်ပိုင်း သူ ဆေးရုံတက်ချိန်မှာ သမီးနဲ့ သားမက်က ဒီခုံဟောင်းကြီးကို Salvation Army  သွားလှူတယ်လို့ ဆိုတယ်။

ခုတော့ ပိုက်ဆံတွေက မူလပိုင်ရှင်လက်ထဲ ပြန်ရောက်ပါပြီ။

ပိုက်ဆံတွေ ပေးလိုက်တော့ သူ့ယောက်ျား ဒီအခန်းထဲပြန်ရောက်လာသလို ခံစားမိတယ်လို့ အမျိုးသမီးကြီးက ပြောဆိုကြောင်း Reese Werkhoven ရှင်းပြတယ်လို့ သတင်းတပုဒ်မှာ ရေးထားပါတယ်။

ကဲ... ဝယ်ထားတဲ့ ဆိုဖာအဟောင်းတွေ ရှိရင် နည်းနည်းတော့ စူးစမ်းသင့်ပြီ မဟုတ်လား။
အိမ်ဖောက်ခိုးဝှက်မှုတွေ မကြာခဏ ရှိတတ်တဲ့ နယူးယောက်မှာလည်း ဒီလို ပိုက်ဆံသိမ်းနည်းကို တချို့ လုပ်တတ်ပါတယ်။
ဒီလို သိမ်းမယ် ဆိုရင်လည်း အိမ်ကလူတွေကို အသိပေးထားတာ မမှားဘူးလို့ ဒီသတင်းက ပြောပြနေပါတယ်။

 



.

No comments:

Post a Comment