Pages

Friday, May 16, 2014

အထက်တန်းကျောင်းသူမယ်ရွေးပွဲမှာ သရဖူ ဆောင်းသွားတဲ့ သက်လုံးပုံ

 ~


ကြာသပတေး ညနေပိုင်း ရန်ကုန်မှာလုပ်တဲ့ အထက်တန်းကျောင်းသူ မယ်ရွေးပွဲမှာ သရဖူဆောင်းသွားသူကတော့ အလှမယ် သက်လုံးပုံ ဖြစ်ပါတယ်။


 .
 
(ဓာတ်ပုံများ - ဂျေပိုင်/ ဧရာဝတီ)


High School Queen မယ်ရွေးပွဲကို   ဆူးလေဘုရားလမ်း ဆူးလေရှန်ဂရီလာ (မကြာသေးခင်အထိ ကုန်သည်ကြီးများဟိုတယ်) မှာ ကျင်းတာပါ။

ဒီပွဲမှာ သရဖူ ဆောင်းသွားတဲ့ သက်လုံးပုံရဲ့ အမည် နဲ့ ပုံရိပ်တချို့မှာ ဒီပွဲ မတိုင်ခင်ကတည်းက မီဒီယာ တချို့မှာ  ဖော်ပြထားတာ တွေ့ရပါလိမ့်မယ်။

သက်လုံးပုံဆိုတာက မောင်ဆွေနွယ်ရဲ့ တက္ကသိုလ်ကျောင်းက ငွေလမင်း သီချင်းထဲက စကားလုံးဖြစ်ပါတယ်။

ချိုပြုံး သီဆိုခဲ့တဲ့ - အသည်းပေး၍ ချစ်ရလေသောသူ၊ သက်လုံးပုံ၍ ချစ်ရလေသောသူ ဆိုတဲ့ သီချင်းပါပဲ။

အွန်လို
င်းသတင်းတချို့မှာ ဖော်ပြထားချက်အရ ဆိုရင် သက်လုံးပုံက ရန်ကုန်မှာ လုပ်ခဲ့တဲ့ မယ်ပြိုင်ပွဲတချို့မှာ ဆုတွေ ဆွတ်ခူးခဲ့သူပါ။

မနေ့ညက ဆုချိတ်သူများစာရင်းကို ဖော်ပြပေးလိုက်ပါတယ်။

သရဖူ - သက်လုံးပုံ
1st Runner Up  - လုမုံဂျာဆိုင်းစောမ်
2nd t Runner Up  -  ပိုးပိုးရွှေရည်
best custome  - သံသာမိုးစက်
best complexion - ဖူးနဒီကို


 


.

No comments:

Post a Comment