Pages

Tuesday, May 20, 2014

လက်ပံတောင်းဒေသခံတွေက ဝမ်ပေါင် တရုတ် ၂ ဦးကို ပြန်လွှတ်ပေး

လက်ပံတောင်းကြေးနီစီမံကိန်း ဒေသခံတွေနဲ့ တက်ကြွလှုပ်ရှားသူတွေကဖမ်းဆီးထားတဲ့ တရုတ်လူမျိုး အလုပ်သမား ၂ ဦး ကို နာရီ ၃ဝ ကျော်ကြာ ပြီးတဲ့နောက် တနင်္လာနေ့နှောင်းပိုင်းက ပြန်လွှတ်လိုက်ပြီ လို့ အေပီ သတင်းတခုက ရေးသားထားပါတယ်။ 

 လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း မြင်ကွင်း(ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

လက်ပံတောင်း ကြေးနီမိုင်း စီမံကိန်း ရပ်တန့်ရေး တောင်းဆိုနေကြတဲ့ တက်ကြွလှုပ်ရှားသူတွေဟာ တရုတ် ဝမ်ပေါင် ကုမ္ပဏီ က တရုတ်လူမျိုး ၂ ဦးနဲ့ မြန်မာတဦးကို ဓားစာခံ တွေအနေနဲ့ ဖမ်းထားပြီး စီမံကိန်း ရပ်တန့်ရေး ဆွေးနွေးဖို့ ကြိုးစား ခဲ့ကြတာပါ။ 

မြန်မာတဦးကိုတော့ ပြန်လွှတ်ပေးခဲ့ပြီးဖြစ်ပါတယ်။ အသက် ၂၃ နှစ်ရှိ တရုတ် ကန်ထရိုက် ၂ ဦးဟာ တနင်္ဂနွေနေ့က မြေဆီစမ်းသပ်ဖို့ သွားစဉ်မှာ ဖမ်းဆီးခံရတာဖြစ်တယ်လို့ ဝမ်ပေါင် မိုင်းကုမ္ပဏီ တာဝန်ရှိသူ တဦးကို ကိုးကားပြီး အေပီက ဖော်ပြပါတယ်။ 

မြန်မာအစိုးရကတော့ တရုတ် ဝန်ထမ်း ၂ ဦး လွတ်ရေး အတွက် အဖွဲ့တဖွဲ့ စေလွှတ်ကာ ညှိနှိုင်းဆောင်ရွက် ခဲ့ ပါသေးတယ်။ 

ဒေသခံ တောင်သူတွေကတော့ သူတို့ လယ်ပြန်စိုက်နိုင်ဖို့ သူတို့ဆီက သိမ်းထားတဲ့ မြေတွေ ပြန်ပေး ဖို့ တောင်းဆိုခဲ့တယ် လို့ သိရပါတယ်။ 

လက်ပံတောင်း ကြေးနီစီမံကိန်းဟာ မြန်မာစစ်တပ်ပိုင် ဦးပိုင် ကုမ္ပဏီနဲ့ တရုတ် ဝမ်ပေါင် ကြေးနီမိုင်း ကုမ္ပဏီရယ်၊ တရုတ်နိုင်ငံ မြောက်ပိုင်း စစ်လက်နက် ထုတ်လုပ်တဲ့ ကော်ပိုရေးရှင်း တို့ကနေ ပူးပေါင်း လုပ်နေတဲ့ ဖက်စပ် ကုမ္ပဏီ တခုလည်းဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတည်းက မြေယာ အငြင်းပွား မှုတွေဖြစ်နေခဲ့တာပါ။ 


ရွာသားတွေက သူတို့ရဲ့ လယ်ယာမြေ ဧက ထောင်နဲ့ချီတဲ့ မြေယာတွေကို သိမ်းဆီးခံခဲ့ရတယ် လို့ ပြောနေ
ကြတာတွေဟာ မြန်မာနိုင်ငံဟာ အရင် စစ်အစိုးရ အောက် ရှိခဲ့စဉ် ပွင့်လင်းမြင်သာမှု မရှိတဲ့ ပြယုဂ်ကို အထင်အရှားဖြစ်နေတာပါ။

ပြီးတော့ ရွာသားတွေက ဒီ မိုင်းစီမံကိန်းကြောင့် သဘာဝ ပတ်ဝန်းကျင်၊ လူမှု ဝန်းကျင်နဲ့ ကျန်းမာရေး ထိခိုက်မှုတွေ ရှိတာကိုလည်း စိုးရိမ်နေကြပါတယ်။ 

 ကြေးနီစီမံကိန်း ရပ်တန့်ရေး ၂၀၁၂ ခုနှစ် ဆန္ဒပြချိန်က အစိုးရရဲ့ အကြမ်းဖက် ဖြိုးခွင်းမှုကြောင့် ရဟန်း သံဃာအပါအဝင် လူ ပေါင်း ၁ဝဝ ကျော် ထိခိုက်ဒဏ်ရာတွေရခဲ့ပြီး အဲဒီတုန်းက ရဲတပ်ဖွဲ့က ဖေ့စ်ပရပ်စ် မီးလောင်ဗုံး သုံးခဲ့လို့ ရဟန်းတော် တချို့ မီးလောင်ဒဏ်ရာ ပြင်းပြင်းထန်ထန်ရသွားခဲ့ကြပါတယ်။ 



အိမ့်သံစဉ် ~ 

  
ဆက်စပ်သတင်း 


လက်ပံတောင်း၌ တရုတ် ၀န်ထမ်း နှစ်ဦး ဖမ်းဆီးမှုအပေါ် တင်းမာမှု ဆက်ဖြစ်နေ







 

No comments:

Post a Comment