Pages

Tuesday, May 20, 2014

သဲကုန်းတရားရုံးမှာ ဗကသတွေ အင်အားပြမယ်


.


လယ်အသိမ်းခံရ၊ တရားအစွဲခံနေရတဲ့ သဲကုန်းမြို့ တောင်သူတွေကို တရားရုံး ရုံးချိန်းတွေမှာ စိတ်ပိုင်းဆိုင်ရာအရ အားပေးကူညီဖို့   ပြင်ဆင်နေတယ်လို့
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) က ပြောပါတယ်။


သဲကုန်းမြို့ တရားရုံးဝန်းအတွင်း တွေ့ရတဲ့  တောင်သူ ကိုပေါက်စ

 .
 ဗကသ ပြန်ကြားရေးတာဝန်ခံ ကိုသီဟဝင်းတင်က ...
“တရားရုံးမှာသွားပြီးတော့ အားပေးတဲ့အနေနဲ့ အင်အားပြတဲ့ အနေနဲ့ရှိမှာပါ” လို့ ပြောပါတယ်။

ဗကသ အဖွဲ့ဝင် ၁၁ ဦး ပါဝင်မယ်၊  လူဘောင်သစ်ဒီမိုကရက်တစ်ပါတီက လူငယ်တွေလည်း ပါဝင်မယ်လို့ သူက ဆက်ပြောပါတယ်။

ဆန္ဒပြဖို့ခွင့်ပြုချက်မရတဲ့ လယ်သမား ငါးရာ လမ်းပေါ်ထွက်ပြီ

 တရားစွဲခံရသူ (၇) ဦးကတော့
သဲကုန်းမြို့နယ် အောင်ကုန်းကျေးရွာမှ လယ်သမား ကိုပေါက်စ၊ ကိုမောင်ဝင်း၊
ကိုကျော်သူအောင်၊ ဒေါ်ညို၊ ဒေါ်မုံး၊
လယ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ ကိုသန့်ဇင်ထက်နဲ့ ဗကသ အဖွဲ့ဝင် ကိုကောင်းထက်ကျော်တို့ဖြစ်ပါတယ်။

သီတဂူဆရာတော်မိန့်ကြားချက် လိုက်နာတဲ့ သဲကုန်းမြို့ရဲတပ်ဖွဲ့ 


ဆန္ဒပြ သဲကုန်း လယ်သမားများကို ရဲတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွဲ


တရားစွဲခံရသူတွေနဲ့ ထိပ်တိုက်တွေ့စဉ်မှာ ရဲတပ်ဖွဲ့ရဲ့လုပ်ရပ်က မေးခွန်းထုတ်စရာ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်         သဲကုန်းမြို့နယ် ရဲတပ်ဖွဲ့အနေနဲ့တော့ ဆန္ဒပြသူတွေကို အကြမ်းဖက်ဖမ်းဆီးခြင်းမရှိကြောင်း မေလ ၁၈ ရက်နေ့က သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီးပြောဆိုခဲ့ပါတယ်။

ဒီအမှုတွေအကြောင်း ပိုမို နားလည်နိုင်စေဖို့အတွက် ဆက်စပ်သတင်းလင့်တချို့ကို ဖော်ပြပေးလိုက်ပါတယ်။

ထောင်ထဲဝင်ဖို့ကြိုးပမ်းသူတို့ကို ရိုက်နှက် လူစုခွဲ 



  • ကောင်းမြတ်မင်း


.

No comments:

Post a Comment