Pages

Friday, May 30, 2014

ဗလာစာအုပ် တင်ဒါရွေးချယ်မှု နဲ့ ပွင့်လင်းမြင်သာမှု

 ~

ပွင့်လင်းမြင်သာမှု မရှိဘူး။ တနင်္သာရီ၊ မကွေး၊ ပဲခူးတိုင်းတို့မှာဆို အဖြစ်များတယ်....
  
  (ရန်ကုန်မြို့ စာသင်ကျောင်းတခုရှေ့မြင်ကွင်း။ ကျောင်းသူကျောင်းသားသန်းနဲ့ချီရှိတဲ့ မြန်မာပြည်မှာ ဗလာစာအုပ်ဈေးကွက်က အင်မတန် ကြီးမားလှပါတယ်)

စာသင်ကျောင်းများတွင် ဖြန့်ဝေမည့် ဗလာစာအုပ် ပေးသွင်းခွင့်လုပ်ငန်း လုပ်ကိုင်ခွင့် ရွေးချယ်ရာတွင် ပွင့်လင်းမြင်သာမှု အားနည်းကြောင်း   ယှဉ်ပြိုင်ခဲ့သော ကုမ္ပဏီတချို့က ဝေဖန်နေကြသည်။

“ပွင့်လင်းမြင်သာမှု မရှိဘူး။ တနင်္သာရီ၊ မကွေး၊ ပဲခူးတိုင်းတို့မှာဆို အဖြစ်များတယ်။
ပဲခူးဆို တင်ဒါခေါ်လိုက်တာတောင် မသိလိုက်ဘူး။
တနင်္သာရီတိုင်းမှာဆိုရင်လည်း ဘာ့ကြောင့် ရွေးချယ်လိုက်တယ်၊ ဘာ့ကြောင့် တင်ဒါကို ပယ်တယ်ဆိုတာ သိခွင့် မရှိသလို၊ တင်ဒါရွေးချယ်ရေး အပိုင်းမှာလဲ ဘယ်သူတွေက ဘယ်လိုရွေး လိုက်လဲဆိုတာ မသိလိုက် ရဘူး” ဟု တင်ဒါဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် လုပ်ငန်းရှင် တဦးက ပြောပါသည်။

မန္တလေးတိုင်းဒေသကြီးတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် လုပ်ငန်းရှင်တဦးက
“မန္တလေးမှာတော့ ပွင့်လင်းမြင်သာမှု ရှိတယ်လို့ ဆိုရမယ်။
ဘယ်သူကတော့ ဘယ်ဈေးနဲ့ တင်ဒါအောင်သွားပါတယ်။
တင်ဒါအောင်တဲ့ လုပ်ငန်းရှင်ကို ကြည့်ပြန်တော့လည်း တကယ့် လုပ်ငန်းလုပ်ကိုင်နေကြတဲ့ လုပ်ငန်းရှင်တွေပါ” ဟု ဆိုပါသည်။

တိုင်းဒေသကြီး တခုနှင့်တခု အိတ်ပိတ်တင်ဒါ  ရွေးချယ်သည့် မူဝါဒများ တူညီမှုမရှိကြောင်း လုပ်ငန်းရှင်များက ပြောပါသည်။

“ရွေးတဲ့အခါမှာ ဈေးလဲသက်သာမယ့် အရည်အသွေးလဲကောင်းမွန်တဲ့ လုပ်ငန်းကိုရွေးသင့်တယ်။
ဒါမှ ပိုတဲ့ဘတ်ဂျတ်ငွေကို ဒေသမှာရှိတဲ့ ကျောင်းသား/သူတွေအတွက်လိုအပ်တဲ့နေရာတွေမှာ သုံးလို့ရတာပေါ့” ဟု လုပ်ငန်းရှင်တဦးက ဆိုပါသည်။


  • မင်းဗညား  

.

No comments:

Post a Comment