ဒီတပတ် ဒိတ်လိုင်း ဧရာဝတီ အစီအစဉ် ကတော့ ရန်ကုန် အခြေစိုက် UNICEF ရုံးခန်း အနေနဲ့ ယခင် စစ် အစိုးရ ၀န်ကြီးဟောင်း တဦးဖြစ်တဲ့ ဗိုလ်ချုပ် တယောက်ရဲ့ အိမ်ကို ရုံးခန်းအဖြစ် တလ ဒေါ်လာ ၈ သောင်း ၇ ထောင် ပေးငှားရမ်း ထားတယ် ဆိုတဲ့ အကြောင်းနဲ့ ပတ်သတ်ပြီးဆွေးနွေးထားတာပါ။
ဒီတပတ်ဆွေးနွေးခန်းမှာ ရန်ကုန်အခြေစိုက် UNICEF ရုံးခန်းအနေနဲ့
ယခင်စစ်အစိုးရ၀န်ကြီး ဟောင်း တဦးဖြစ်တဲ့ ဗိုလ်ချုပ်တယောက်ရဲ့ အိမ်ကို
ရုံးခန်းအဖြစ်ငှားရမ်းထားတယ်ဆိုတဲ့အကြောင်း မကြာသေး ခင်က
ဧရာဝတီသတင်းဌာနကနေထုတ်ဖော်ရေးသားခဲ့ပါတယ်။
အဲဒီ နောက်ပိုင်း ရန်ကုန်အခြေစိုက်
UNICEF ရုံးခန်းက သူတို့အနေနဲ့ ရုံးခန်းငှားရမ်းခကို တလ
အမေရိကန်ဒေါ်လာ ၈၇၀၀၀ (မြန်မာ ကျပ်ငွေ သိန်း ၈၅၀ ကျော်)
ပေးငှားရမ်းထားတယ်ဆိုတာကို တရားဝင်ထုတ်ပြန်ကြေညာ လိုက်တာနဲ့
ပတ်သတ်ပြီး အင်္ဂလိပ်ပိုင်း အယ်ဒီတာ ကိုကျော်စွာမိုးနှင့် အတူ မြန်မာ့ စီးပွားရေး ကဏ္ဍ တာဝန်ယူမှု ရှိရေး အထောက် အကူပြုဌာနရဲ့ ဒါရိုက်တာ ဗစ်ကီ ဘိုမန်နဲ့ မြန်မာပြည်သူ့ ဖိုရမ် လုပ်ငန်းအဖွဲ့က Coordinator ကိုကျော်လင်းဦး တို့က ပါဝင်ဆွေးနွေး တင်ပြထားပါတယ်။

No comments:
Post a Comment