Pages

Thursday, June 12, 2014

အပြာကားကြည့်ခြင်း နဲ့ ဦးနှောက်အရွယ်အစား

 ~



 


ဂျာမနီနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ လေ့လာမှုတခုအရ အပြာကား (ရှေးအခေါ် ညစ်ညမ်းရုပ်ရှင်၊ ဗီဒီယို) တွေ ကြည့်ရှုခြင်းဟာ ဦးနှောက်ရဲ့ တချို့ အစိတ်အပိုင်းတွေ စွမ်းဆောင်ရည်ကျဆင်းရခြင်းနဲ့ ဆက်သွယ်မှုရှိနေတယ်လို့ ဒီလဆန်းပိုင်းမှာ သတင်းတွေ တက်လာပါတယ်။

လူအနည်းငယ် ပါဝင်တဲ့ အုပ်စုတစုကို စမ်းသပ်လေ့လာတဲ့ နေရာမှာ အပြာ ရုပ်ပုံများ၊ ရုပ်ရှင်များ ကြည့်ရှုခြင်းနဲ့ ဦးနှောက်ရဲ့ အရွယ်အစား ဆက်စပ်မှု ရှိတယ် ဆိုတာကို ပထမဆုံး အထောက်အထား တခုအဖြစ် တွေ့ရှိရတယ်လို့ ဒါကို လေ့လာခဲ့တဲ့ JAMA Psychiatry က ထုတ်ပြန်ခဲ့တာပါ။

အပြာကားဟာ ဦးနှောက်ကို ကျုံ့စေတယ် ဆိုပါစို့။

  • ကြည့်လို့ ကျုံ့သွားတာလား၊ ကျုံ့တဲ့သူတွေ ကြည့်တာလား

ဒါဆိုရင် မေးစရာ ဖြစ်လာတာက .. အပြာကား အပြာပုံတွေ ကြည့်ရှုခြင်းကြောင့် ဦးနှောက်ရဲ့ အရွယ် အစားနဲ့ စွမ်းဆောင်ရည်ကို ကျဆင်းစေတာလား။

ဒါမှမဟုတ် ဒီလို ဦးနှောက်မျိုးရှိသူတွေကပဲ ညစ်ညမ်းရုပ်ရှင် တွေကို ပိုပြီးတော့ကြည့်ကြတာလား။

ဒီမေးခွန်းကိုတော့ ပညာရှင်တွေက အဆုံးအဖြတ် မပေးခဲ့ပါဘူး။

အသက် ၂၁ နှစ်ကနေ ၄၅ နှစ်အရွယ်ကြားမှာ ရှိတဲ့ ကျန်းမာသန်စွမ်းတဲ့ အမျိုးသား ၆၄ ယောက်ရဲ့ အပြာ ရုပ်ရှင်ကြည့်တဲ့ အလေ့အထကို သုတေသီတွေက လေ့လာခဲ့တယ်၊  သူတို့ရဲ့ ဦးနှောက်တွေက အပြာကား အပြာပုံတွေကို ဘယ်လိုတုန့် ပြန်သလဲဆိုတာကိုလည်း စစ်ဆေးခဲ့ကြတယ်၊  အရွယ်အစားကို တိုင်းတာဖို့အတွက် ဦးနှောက်ဓာတ်ပုံတွေကိုလည်း လေ့လာခဲ့ကြပါတယ် တဲ့။

  • စာဖတ်သူ မှတ်ချက်

ဒီသတင်းဖတ်ပြီး စာဖတ်သူတယောက် ... ဒီတွေ့ရှိချက်က မှန်ကန်တယ် ဆိုရင်တော့ ငါ့ဦးနှောက်တွေ လေထဲကို အငွေ့အဖြစ် ပျံထွက်သွားလောက်ပါပြီ လို့ မှတ်ချက်ပြုတယ်။

 နောက်တယောက်ကလည်း ခပ်နောက်နောက်လေး မှတ်ချက်ပေးပါတယ် ... တခြားသတင်းတပုဒ်မှာတော့ အပြာကားကြည့်တာ နည်းပါးရင် ဦးနှောက် ရောင်ရမ်းလာတတ်ကြောင်း သုတေသီတွေ တွေ့ရှိခဲ့ပါတယ် တဲ့။
 

  • နောက်ထပ် တွေ့ရှိချက်တခု

သုတေသနတွေဟာ အမှန်တကယ် လိုအပ်ပါတယ်။
အသစ် တွေ့ရှိချက်တွေက သို့ကလို နောက်ပြောင်ခံရတာမျိုးလည်း ကြုံရပါမယ်။

သိပ်မကြာသေးခင် ကနေဒါနိုင်ငံ စစ်တမ်းကောက်ယူမှု တခုအရ ... အလယ်တန်းနဲ့အထက်တန်းကျောင်းတက်နေတဲ့ ကျောင်းသားအများအပြား အင်တာနက် အပြာကား ကြည့်ကြတယ်လို့ ဆိုတယ်။ အဲဒီလို ကြည့်တဲ့ ကျောင်းသား အရေအတွက်က ၄ဝ ရာခိုင်နှုန်း ရှိတယ်ဆိုတော့ မနည်းမနော အင်အားပဲပေါ့။

အများစုက မကြာခဏ ကြည့်ဖြစ်တဲ့အကြောင်း ဝန်ခံတယ်လို့ ဆိုပါတယ်။

ဒါဆို ... သူတို့ရဲ့ ဦးနှောက်တွေ ကျုံ့သွားပြီလား။
ဒါမှမဟုတ် 
ဦးနှောက် သေးငယ်တဲ့ ကျောင်းသား အရေအတွက်က ၄ဝ ရာခိုင်နှုန်း ရှိတာလား။

ဒါကတော့ ပညာရှင်တွေ ဆက်လက် လေ့လာသင့်တဲ့အရာတခု ဖြစ်ပါလိမ့်မယ်။

 



.

No comments:

Post a Comment