ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် ယခင်သတင်းပတ်က ဖမ်းဆီးခံထားရသော မြန်မာ အလုပ်သမားများ
(ဓာတ်ပုံ – မန်းမျိုးမြင့်)
အခုလို ဖမ်းဆီးတာဟာ တရားဥပဒေအရ ဖမ်းဆီးတာ ဖြစ်တယ်လို့ ထိုင်းရဲက ဆိုပါတယ်။ ဒါ့အပြင် တရားမဝင် ဆောက်လုပ်ထားတဲ့ အလုပ်သမားတွေ နေတဲ့ တဲအိမ်ငယ်လေးတွေကိုလည်း လုံခြုံရေးအရ ဖြိုခွဲ ဖျက်ဆီးခဲ့တာကိုလည်း ထိုင်းရုပ်သံတွေမှာ တွေ့မြင်ရပါတယ်။ ထိုင်း ရုပ်သံက တင်ဆက်မှုကို ဒီနေရာ က တဆင့် သွားရောက်ကြည့်ရှုနိုင်ပါတယ်။
အခုအချိန်မှာ မြန်မာအလုပ်သမားတွေအများစုက ထိုင်းနိုင်ငံမှာ ၄ နှစ် နေထိုင်ခွင့် ဗီဇာသက်တမ်း ကုန်ဆုံး
နေ သူတွေ ဖြစ်ကြပါတယ်။
ဗီဇာသက်တမ်း ပြန်လည်တိုးဖို့အတွက်ကို နှစ်နိုင်ငံအစိုးရက အတိအကျ ထုတ်ပြန်တာမရှိသေး တာ
ကြောင့် မြန်မာအလုပ်သမားတွေ ဆက်လက်နေထိုင်ရေးမှာ အခက်တွေ့နေတဲ့ အချိန် ဖြစ်ပါတယ်။
ထိုင်းနိုင်ငံရေးမတည်ငြိမ်တာကြောင့် သက်တမ်းတိုးမယ့်ကိစ္စကို ထိုင်းဘက်က ရပ်ဆိုင်းထားသလို မြန်မာ အစိုးရဘက်ကလည်း ဗီဇာကိစ္စအတွက် နူတ်ဆိတ်နေဆဲ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံကို စစ်တပ်က အာဏာယူထားတဲ့ ကာလအတွင်း ထိုင်းနိုင်ငံမှာ ရှိနေတဲ့ တရားမဝင် အလုပ် သမားတွေကို ဥပဒေအရ မြို့နယ်တိုင်း ပြည်နယ်တိုင်းမှာ ပြင်းပြင်းထန်ထန် ရှာဖွေဖမ်းဆီးမှုတွေ ပြုလုပ် မှာ ဖြစ်တယ်လို့ သိရပါတယ်။
ငြိမ်းဇော် ~

should be Chiang Mai arresting photo
ReplyDelete