Pages

Sunday, June 15, 2014

အီတလီက အင်္ဂလန်ကို ၂ ဂိုး ၁ ဂိုးနဲ့ နိုင်

ဥရောပ အသင်းကြီးနှစ်သင်းဖြစ်တဲ့ အီတလီနဲ့ အင်္ဂလန်ပွဲစဉ် ပြီးဆုံးသွားပါပြီ။ အီတလီ အသင်းက အင်္ဂလန်အသင်းကို ၂ ဂိုး ၁ဂိုးနဲ့ အနိုင်ရရှိသွားတယ်။ 


အင်္ဂလန်အသင်းမှ ဘိန်းစ်နှင့် အီတလီအသင်းမှ ကန်ဒရီဗာတို့ တွေ့ဆုံစဉ် (ဓာတ်ပုံ- FIFA)

 ပထမပိုင်းအစမှာတော့ တဖက်နဲ့တဖက် အခြေအနေကို ကြည့်ကာာ ထိုးဖောက် ကစားတာကို တွေ့ရပြီး၊ အီတလီကတော့ အသင်းကြီးပုံစံနဲ့ ဘောလုံးကို ကိုင်ကစားခဲ့ပါတယ်။ ဒါကြောင့်လည်း ပထမပိုင်းအပြီး 
ဘောလုံးပိုင်ဆိုင်မှုကို ကြည့်ရင် အီတလီက ၆၀ ရာခိုင်နှုန်း အင်္ဂလန်က ၄၀ ရာခိုင်နှုန်းရှိပါတယ်။ 

ပထမပိုင်းမှာပဲ အပြန်အလှန်ကစားရင်း ၃၅ မိနစ်မှာ အီတလီအသင်းရရှိတဲ့ ထောင့်ကန်ဘောမှ တဆင့် ကလော်ဒီယို မာခီစီယိုက အင်္ဂလန်နောက်ခံလူများ ကာရန်ထားတဲ့ကြားက အဖွင့်ဂိုး သွင်းယူပေးခဲ့ပါတယ်။ 

အင်္ဂလန်အသင်းကလည်း ဘောလုံးတည်ပြီး ချက်ခြင်းဆိုသလို အီတလီဘက်ကို တိုက်စစ် ဆင်ခဲ့ရာ ဘယ်ခြမ်းမှ ဖြတ်ဘောကို အင်္ဂလန်အသင်းမှ စတာရစ်ခ်ျက ပိတ်ဆိုပြီး ချေပဂိုးသွင်းယူခဲ့ပါတယ်။ 

ဒုတိယ ပိုင်းပွဲစလို့ မိနစ် ၅၀ မှာပဲ အီတလီ ညာတောင်ပံမှ ဖြတ်တင်ဘောကို အီတလီ တိုက်စစ်မှူး ဘာလိုတယ်လီ ခေါင်းတိုက်၍ အီတလီအတွက် ဒုတိယဂိုး သွင်းယူပေးလိုက်ပါတယ်။ 

အီတလီ ဒုတိယဂိုး သွင်းပြီးတယ် ဆိုရင်ပဲ၊ အင်္ဂလန်အသင်းက တိုက်စစ်ဖွင့်ပြီး ဆက်တိုက် ဆင်လာခဲ့တဲ့ အတွက် အီတလီ ကစားကွက်ပြောင်းသွားကာ ခံစစ်ကို သေချာ ပိတ်ဆို့ကစားခဲ့ပါတယ်။ 

ဒါကြောင့်လည်း ပွဲပြီးတဲ့အထိ အင်္ဂလန်အသင်း ချေပဂိုး မရရှိပဲ၊ ၂ ဂိုး ၁ဂိုးနဲ့ အင်္ဂလန်အသင်း ရှုံးနိမ့် သွားပါတယ်။ 






No comments:

Post a Comment