Pages

Sunday, June 15, 2014

ဂျပန်က အိုင်ဗရီကို့စ် အသင်းကို ၂ ဂိုး ၁ ဂိုး နဲ့ ရှုံး

ဂျပန်အသင်းဟာ ပွဲစပြီး ပထမပိုင်း ၁၆ မိနစ်မှာပဲ ဟွန်ဒါရဲ့ ပထမဆုံး ဂိုးကို ရရှိခဲ့ပေမယ့် ဒုတိယပိုင်း ပွဲစလို့ မိနစ် ၆၀ ကျော်မှာတော့ အိုင်ဗရီကိုစ်ရဲ့ ဆက်တိုက်သွင်းလိုက်တဲ့ ဂိုးတွေကြောင့် အရှုံးပေးလိုက်ရပါတယ်။ 



 ဓာတ်ပုံ- FIFA

အိုင်ဗရီကိုစ်တိုက်စစ်မှူး ဒီဒီယာ ဒရော့ဘာ ၀င်ရောက်လာပြီး နောက်ပိုင်း အိုင်ဗရီကိုစ် ကစားပုံ ပြောင်းသွား ခဲ့ရာ၊ ၆၄ မိနစ်မှာ အိုင်ဗရီကိုစ်က ဘွန်နီက ချေပဂိုးသွင်းယူခဲ့ပြီး၊ ဆက်တိုက်ဆိုသလို ၆၆ မိနစ်မှာ ဂါဗင်ဟို က အိုင်ဗရီကိုစ်အတွက် အနိုင်ဂိုး သွင်းခဲ့ပါတယ်။ 

ဂျပန်အသင်းဟာ အိုင်ဗရီကို့စ်ကို ခုခံ ဖို့ ကြိုးစားမှုတွေ လုပ်ခဲ့ပေမယ့် အိုင်ဗရီကို့စ်က ဂျပန်ရဲ့ တန်ပြန် ချေပ ဂိုး သွင်းဖို့ အခွင့်အရေးတိုင်းကို ကာကွယ်ခဲ့ ပါတယ်။ 

ဒီအပြင် အိုင်ဗရီကို့စ်က ထပ်မံ ဂိုးသွင်းနိုင်ရေးလည်း ကြိုးစားခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ကစားကွက် ကြမ်း တမ်းမှု တချို့ကြောင့် အိုင်ဗရီကို့စ်ကစား သမားတချို့ ဒဏ်ရာရခဲ့ပါတယ်။ ဒါပေမယ့် အိုင်ဗရီကို့စ်ကပဲ ပွဲပြီးချိန်မှာ ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါ။ 



 



No comments:

Post a Comment